၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၆) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၂၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၆) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၂၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊   မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အမိန့်ကြော်ငြာစာ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး ဦးဆောင်ကော်မတီ အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန တင်ဒါကော်မတီ အမိန့် ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။

အပိုင်း (၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမိန့်ကြော်ငြာစာ  

အပိုင်း (၄) တွင် ၂၀၂၀ ပြည့်နှစ်၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၄၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာနည်း ဥပဒေများ၏ နည်းဥ   ပဒေ ၉ နှင့် ၁၅ (ခ) တို့အရ (အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းဆဲဖြစ်သော) ကျောက်စိမ်းကပီတယ်(လ်) ကုမ္ပဏီလီမိတက် (Kyauk Sane Capital Company Limited) ကုမ္ပဏီအား ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်အကြွေးများ တောင်းခံရန် သတိပေးခြင်း၊ ကြယ်နီလာဖီးနစ် ကုမ္ပဏီလီမိတက် (Star Sapphire Phoenix Co.,Ltd) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အာရ်အာရ် အင်ဖါရာ လီမိတက် (RR Infra Limited) (၂၀၁၇) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ (၃၄၈) အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်း၊ Notice of Special Resolution KOMYALL LTD For Member’s Voluntary Winding-up Myanmar Insolvency Law Section (147)၊ DECEMBER HOTEL AND TRADE LIMITED ဖျက်သိမ်းရန် ကြော်ငြာချက်၊ BIZGEN INTERNATIONAL (MYANMAR) COMPANY LIMITED (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ POLY ENGINEERING & ENERGY CO., LTD (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်း လင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ စူပါမက်ဒလ် ကုမ္ပဏီ လီမိတက် (SUPER METAL COMPANY LIMITED) (၂၀၁၇) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ (၃၅၇) အရ (ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာတို့ ပါဝင်ပါ သည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ်-တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ