၁၇ - ၆ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂၄)၌ ကြိုးစားအားထုတ်မှုကြောင့် သူ၏ဆွေမျိုးများထဲတွင် နာမည်ကြီးသွားခဲ့သော ကြက်ကလေး ပီပီအကြောင်းကို ရေးဖွဲ့ထားသည့် “နာမည်ကြီးချင်တဲ့ ကြက်ကလေးပီပီ” မျက်နှာဖုံးဇာတ်လမ်း၊ ကစားမက်လွန်းသော ဖြိုးရဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖြိုးရဲ- ပျင်းတော့ ငတ်” နှစ်မျက်နှာကာတွန်း၊ ဝီရိယနည်းပါး၍ ငှက်မုဆိုး၏ ပိုက်ကွန်တွင် မိရာမှ ပညာရှိငှက်ကြီး၏ အကြံဉာဏ်ကောင်းမွန်မှုကြောင့် လွတ်မြောက်ခဲ့ရသော ငှက်များအကြောင်းကို ရေးဖွဲ့ထားသည့် “စောသေးလို့” နှစ်မျက်နှာကာတွန်း၊ ရန်ပိုင်စိုးကို စာအုပ်များအား စနစ်တကျ စီစီရီရီထားရန် ဆုံးမနေသည့် ဦးအောအကြောင်းကို ရေးဖွဲ့ထား သည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကျောင်းပိတ်ရက်တွင် သူငယ်ချင်းများက နိုင်ငံခြားဘာသာစကား ပြောသင်တန်းများ တက်ရောက်နေကြသော်လည်း အပျင်းထူကာ အအိပ်မက်နေသော ချစ်ဇွဲအကြောင်း ကို ရေးဖွဲ့ထားသည့် “ချစ်ဇွဲပါဝင်သည့် ငါကတော့” တစ်မျက်နှာကာတွန်း၊ ထိပ်ပြောင်နေသော ဦးဦးကြယ် နှင့် ဖိုးလပြည့်တို့ ပြောဆိုပုံကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထား ပါသည်။

ကလေးများအတွက် ဗဟုသုတတိုးပွားစေရန်အလို့ငှာ ခေတ်အဆက်ဆက် ပြောင်းလဲ တိုးတက်လာသော သင်္ဘောအမျိုးမျိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ခေတ်အဆက်ဆက် သင်္ဘော အမျိုးမျိုး” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မည်သည့်ပညာရပ်မဆို ကြိုးစားသင်ယူပါက တစ်နေ့တွင် အောင်မြင်မှုရနိုင်ကြောင်း ရေးဖွဲ့ထားသည့် “တစ်နေ့ ဖြစ်ရမည်” ဝတ္ထုနှင့် ဉာဏ်ရည် ထက်မြက်မှုရှိပြီး လုံ့လဝီရိယထားကာ ကြိုးစားမှုကြောင့် နာမည်ထင်ရှားသည့် သံဃာတစ်ပါး ဖြစ်သွားသော ကိုရင်တုတ်ပေါအကြောင်းကို ရေးဖွဲ့ထားသည့် “ကိုရင်တုတ်ပေါ” ပုံပြင်တို့ကို တင်ဆက် ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေး တို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ကို မွေးနေ့ကိတ်လေးရှိရာကို လမ်းပြပို့ဆောင်ပေးနိုင်မည့် ဉာဏ်စမ်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းဖြင့် တွေ့ကြုံရမည့် အန္တရာယ်များကို ရေးဖွဲ့ထားသည့် “မူးယစ်အန္တရာယ် တို့ကာကွယ်” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် ကျောင်းသား တစ်ယောက်က အိမ်စာကို အချိန်မီမတင်နိုင်၍ ပါမောက္ခကြီးထံ သွားရောက်ရှင်းပြသည်ကို ပြောဆိုပုံ အမျိုးမျိုးဖြင့် လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ