၃-၆-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၂)၌ မိခင်အပေါ် သနားကြင်နာပြီး အလိုက်သိတတ်သော ပုပုအကြောင်း ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့်...ဪ...သားရယ်...” မျက်နှာဖုံးကာတွန်း၊ အကျိုးမရှိ၊ မသေချာ သောအလုပ်ကို မလုပ်တော့ဘဲ အကျိုးရှိပြီး သေချာသောအလုပ်ကိုသာ လုပ်တော့မည်ဆိုသော မြေခွေးလင်မယားအကြောင်း သရုပ်ဖော်ထားသည့် “မသေချာတဲ့ မျှော်လင့်ချက်” နှစ်မျက်နှာ ကာတွန်း၊ တောထဲတွင် ထင်းရှာသည့်အလုပ်ကို လုပ်ကိုင်သည့် မောင်မေတ္တာသည် နဂါးကြီး၏ ကျေးဇူးဆပ်ခြင်းကို ခံလိုက်ရပုံအကြောင်း သရုပ်ဖော်ထားသည့် “မှော်ပလွေနဲ့ မြွေနဂါး” နှစ်မျက်နှာကာတွန်း၊  နေအပူရှိန် အလွန်ပြင်းသောအချိန်တွင် အပူလျှပ်ခြင်းအန္တရာယ်မှ ကာကွယ် နိုင်ရန်၊ နေပူထဲ မထွက်ရန်နှင့် အပူဒဏ်နှင့် ဆက်စပ်သည့် အရေးပေါ်ဝေဒနာများ ကုသနိုင်ရန် အတွက် ရှေးဦးသူနာပြုစုနည်းများကို လေ့လာထားရမည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “အပူလှိုင်းဒဏ် ကာကွယ်စို့” နှစ်မျက်နှာကာတွန်း၊ ဖေဖေနှင့် မေမေတို့၏ အမှတ်တရဓာတ်ပုံများ ကို မကြည့်ချင်တော့ဘူးဆိုသော ဟန်သီမအကြောင်း ရေးဖွဲ့ထားသည့် “ဟန်သီမ” တစ်မျက်နှာ ကာတွန်းနှင့် လူလိမ္မာနှင့် အတူနေသော ငွေများကို ပေးရန် တောင်းဆိုသော သားဖြစ်သူ အကြောင်း ရေးဖွဲ့ထားသည့် “ပူတင်း” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် ရှေးခေတ်လူတို့၏ ရေကြောင်းအသုံးပြု လှေနှင့် ရွက်လှေများကို စတင်တီထွင် အသုံးပြုခဲ့ကြပုံအကြောင်း တင်ဆက်ထားပါသည်။ဝတ္ထုကဏ္ဍတွင် ကျောင်းပြန်တက်ရတော့မည်ဟူ သော စိတ်ကူးအတွေးဖြင့် ပျော်ရွှင်ကျေနပ်နေသော မောင်ငြိမ်းချမ်းအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် သားတို့၊ သမီးတို့အနေဖြင့် အချင်းချင်း ပြောဆိုဆက်ဆံရာတွင် ဒေါသမထွက်မိဘဲ ပြောဆိုတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားပါသည်။ ထို့ပြင်  ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် စာဘူးတောင်းငှက်ကလေးတို့၏ သဘာဝအတိုင်း အုန်းပင်များတွင် တွဲလောင်းခို အသိုက်များကို တည်ဆောက်ထားကြပြီး နားခိုနေကြပုံအကြောင်း ရေးဖွဲ့ထားသည့် ဆရာခြူးရဲ့သန့် ၏ “စာသိုက် ပုခက်”  ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တက္ကသိုလ်ကျောင်းသားတစ်ယောက်သည် သူ တက်နေသည့် အတန်းနှစ်တန်းသည် တစ်နေ့တည်း တွင် အချိန်ထပ်နေ၍ တက္ကသိုလ်က အတိုင်ပင်ခံပုဂ္ဂိုလ်ကို တွေ့ဆုံကာ အတန်းချိန်ပြောင်းပေးနိုင်ရန် တောင်းဆိုပုံအကြောင်း အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိအပ္ပာယ်တူ ပြောထား သည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 

 

အကြံပြုစာ/တိုင်ကြားစာ