ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကိုရင်ကျော်၏ “အရိုင်းပန်းတစ်ပွင့် အလှဂုဏ်တင့်လေတော့” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ယင်းစာအုပ်တွင် ၁၉၆ဝ ပြည့်လွန်ကာလကို နောက်ခံပြု၍ ဦးအောင်ကျော်မောင်၏ ကလေးဘဝမှ ဝတ္ထုကို အစပြုထားသည်။ ဆင်းရဲနွမ်းပါးသော မိသားစုမှ ပေါက်ဖွားလာကာ ကလေးဘဝမှာပင် ဖတဆိုးဖြစ်ခဲ့ရပြီး ဈေးပတ်လိုက်၍ ဈေးရောင်းရသောအမေ့ကို ကူညီရသည်။ မိခင်၏ဆန္ဒအတိုင်း ပညာတတ် ကျောင်း ဆရာတစ်ဦးဖြစ်လိုလှသော်လည်း ကျောင်းချိန်မမှန်ခြင်း၊ ကျူရှင်မယူရခြင်းကြောင့် စာမေးပွဲလည်း အကြိမ်ကြိမ်ကျရှုံးရသည်။ သို့သော် အားမလျှော့ဘဲ ဇွဲလုံ့လအပြည့်ဖြင့် ထပ်မံကြိုးစားသည်။ နောက်ဆုံး၌ ဘွဲ့ရကာ သူ၏မနားမနေ လေ့လာအားထုတ်မှုကြောင့် အစိုးရဝန်ထမ်းဘဝတွင် ရာထူးအဆင့်ဆင့်တိုးပြီး အောင်မြင်မှုရခဲ့ကြောင်း ရေးဖွဲ့ထားသော ဝတ္ထုရှည် ဖြစ်သည်။ ရိုးသားကြိုးစားခြင်း၏ရလဒ်ကို ဖော်ညွှန်းကာ စာဖတ်သူများကို ဘဝအားမာန် ဖြစ်စေသည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး (၃ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း - ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ - ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော် ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။