“ဇော်လွင်ဦး (ဟင်္သာတ)” ရေးသားသည့် “မင်းပူးဆရာတော် ဦးဩဘာသ၏ ဝေဿန္တရာ ဇာတ်တော်ကြီးလာအပင်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ပထမဆု ရရှိသည့် စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မင်းပူးဆရာတော် ဦးဩဘာသ၏ ဝေဿန္တရာ ဇာတ်တော်ကြီးလာအပင်များ” စာအုပ်တွင် စာမျက်နှာပေါင်း (၃၃၀) ပါဝင်ပြီး ဇာတ်ကြီးဆယ်ဘွဲ့တွင် အပါအဝင် ဖြစ်သည့် ဝေဿန္တရာဇာတ်တော်ကြီး၏ထူးခြားချက်အနက် တစ်ခုဖြစ်သည့် ဇာတ်တော်ကြီးတွင် ပါဝင်သော (၁၅၇) မျိုးသော အပင်များကို ထည့်သွင်းရေးဖွဲ့ထားခြင်း ဖြစ်သည်။ ယခုစာမူတွင် ဇာတ်တော်လာအပင်များ၏ အကြောင်းကို မူရင်းအမည်၊ မူကွဲရှိလျှင် မူကွဲအမည်၊ အင်္ဂလိပ်အမည်၊ မျိုးရင်း၊ ရုက္ခဗေဒအမည် စသည်တို့ကို သက်ဆိုင်ရာအပင်များ၏ပုံကို ဓာတ်ပုံများနှင့်တကွ ဖော်ပြ ထားသဖြင့် စိတ်ဝင်စားသူများ အလွယ်တကူ လေ့လာနိုင်ပါသည်။ ထို့ပြင် ယင်းအပင်များ၏ အကြောင်းကို ကျမ်းကိုးများစွာတို့နှင့် ချိန်ညှိ၍ မှတ်စုများထုတ်ပေးထားသဖြင့် တန်ဖိုးရှိသော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၅၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။