၂၉ - ၄ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ(၅၅)၊ အမှတ်(၁၇) ၌ ဖွေးဥသည် သူ့အဖေဇာတိရွာသို့ အလည်လိုက်သွားစဉ် ကဆုန်လပြည့်နေ့၊ ညောင်ရေသွန်းပွဲနှင့် တိုက်ဆိုင်၍ ဘုရားဝင်းအတွင်း ဗောဓိညောင်ပင်ကို သန့်ရှင်းရေး ဝိုင်းကူပေးခြင်းဖြင့် ကုသိုလ်ယူထားသည့်အကြောင်း တင်ဆက်ထားသော “ကဆုန်ညောင်ရေသွန်းပွဲ” မျက်နှာဖုံးလေးမျက်နှာကာတွန်း၊ ကြောက်စရာအကောင်းဆုံး ရန်သူသည် တိရစ္ဆာန်မဟုတ်ဘဲ ဒေါသစိတ်သာဖြစ်သည်ဆိုသည့်အကြောင်း တင်ဆက်ထားသည့် “ကြောက်စရာ အကောင်းဆုံးရန်သူ” နှစ်မျက်နှာကာတွန်း၊ သူစားသည့် ကြက်ဆီထမင်းဆိုသည်မှာ ထမင်းကို ဆီဆမ်းပြီး ကြက်သွန်ဖြူနှင့် စားခဲ့သည်ဟု ဟာသဖြစ်ဖွယ် ပြောထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ ငှက်အုပ်စုရန်မှ ကာကွယ်ပေးလိုက်သည့် ဝတ်ရည်စုပ်ငှက်လေး၏ ကျေးဇူးကို ပြန်ဆပ်သည့် ပေါက်ဖတ်လေးအကြောင်း တင်ဆက်ထားသော “သူငယ်ချင်းကောင်း” နှစ်မျက်နှာ ကာတွန်း၊ စက္ကူလှေလေးသည် သူ၏ အလှအပေါ် မာန်တက်ခဲ့သော်လည်း မိုးရေကြောင့် သူ့ဘဝ ပျက်စီးသွားရသည့်အကြောင်း တင်ဆက်ထားသည့် “မမြဲသော အလှ” နှစ်မျက်နှာကာတွန်း၊ ဘုန်းဆင့်သူ ဂစ်တာတီးပြီး သီချင်းဆိုသည်ကို နားထောင်မည်ဆိုလျှင် ဂွမ်းပါ ဆောင်သွားသင့်ကြောင်း တင်ဆက် ထားသည့် “ဘုန်းဆင့်သူ-အဆိုကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ထူးခြားသည့် ဝိသေသများနှင့် ပြည့်နေသည့် ကဆုန်လပြည့်နေ့အကြောင်း ရေးသားထားသည့် “မြန်မာ့ရိုးရာ ညောင်ရေသွန်းပွဲတော်” သုတကဏ္ဍ၊ ပင်လယ်ထဲတွင် သားငါးရှာဖွေပြီး အသက်မွေးဝမ်းကျောင်းရသော မောင်လူလှသည် ကျေးဇူးရှင်ကို ကျေးဇူးဆပ်လိုသည့်စိတ်ကြောင့် မိမိအတွက် ပင်လယ်လက်‌ဆောင် ရတနာများ ရရှိခဲ့သည့်အကြောင်း ရေးသားထားသည့် “ပင်လယ်လက်ဆောင်” ပုံပြင်ကဏ္ဍ၊ နာရီကြည့်နည်းကို မေ့သွားသဖြင့် သူ၏ အဖြေက ဟာသဖြစ်ဖွယ် ဖြစ်သွားသော “ထူးနိုင်” အကြောင်း ရေးသားထားသည့်အကြောင်း “အမှန်ကန်ဆုံးအဖြေ” ဝတ္ထုကဏ္ဍနှင့်၊ ကဆုန်လတွင် လေညင်းများတိုက်ကာ စကားပန်းများ ပွင့်ပုံ၊ ရေအိုးကိုယ်စီ ခေါင်းမှာ ရွက်ပြီး ညောင်ရေသွန်းလောင်းပုံနှင့် ငါးများ လွှတ်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ညောင်ရေသွန်းပွဲတော်” ကဗျာကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။

အချိန်ပြ (time)၊ နေရာပြ (place)နှင့် လှုပ်ရှားမှုပြ (movement)စသည့် Prepositions များ အကြောင်း ဥပမာများပေး၍ လေ့ကျင့်ခန်းများနှင့်တကွ ရေးသားထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာ ကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ