ကိုထွန်း (ကျယ်ဂေါင်) ၏ “ကြိုလင့်နေပါ မြသီတာ” စာအုပ်ကို ဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကိုထွန်း (ကျယ်ဂေါင်) ၏ “ကြိုလင့်နေပါ မြသီတာ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ကျေးလက်ဖွား မြန်မာအမျိုးသမီးတစ်ဦး၏ ဇာတိမွေးရပ်အပေါ် ဖွံ့ဖြိုးတိုးတက်စေလိုသည့်စိတ်ဓာတ်၊ ပညာသင်ကြားတတ်မြောက်ပြီး ဘဝတိုးတက်မှုအတွက် ရည်မှန်းချက်ကောင်းဖြင့် လုပ်ငန်းခွင်အတွင်း အဆင်ပြေစွာ လုပ်ကိုင်စွမ်းဆောင်နိုင်မှု၊ ဘဝအချိုးအကွေ့ အချစ်ရေးကို တည်ငြိမ် အေးချမ်းစွာ စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ထိန်းချုပ်နိုင်ပုံတို့ကို ဇာတ်ကြောင်းအစမှ အဆုံးတိုင် ရိုးရှင်းပြေပြစ် သည့် အရေးအသားဖြင့် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ