၂၅ - ၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၈) ၌ နယ်ချဲ့အင်္ဂလိပ်ကို ရွပ်ရွပ်ချွံချွံ တွန်းလှန်ခဲ့သော နာမည်သုံးမျိုးဖြင့် ကျော်ကြားခဲ့သည့် မြန်မာ့မျိုးချစ်သူရဲကောင်းအကြောင်း တင်ဆက်ထားသည့် “သုံးမည်ရမြန်မာ့မျိုးချစ် သူရဲကောင်း” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ ဂိမ်းကစားသဖြင့် မှတ်ဉာဏ်နည်းသွားသည့် ကီးကီနှင့် ဂျိုးဂျိုးအကြောင်း တင်ဆက်ထားသည့် “ကီးကီ ဂျိုးဂျိုး” နှစ်မျက်နှာကာတွန်း၊ ဆရာမက ဗဟုသုတဆိုင်ရာ မေးခွန်းများ မေးသည်ကို ရွှေဖဲက ဟာသလုပ်၍ ပြန်ဖြေထားသည့်အကြောင်း တင်ဆက်ထားသော  “ရွှေဖဲ” တစ်မျက်နှာကာတွန်း၊ ကလေးတွေဆီမှ မုန့်ကို အနိုင်ကျင့်ယူတတ်သော ရုပ်ဆိုးကို ပညာပေး လိုက်သည့်အကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ-အနိုင်မကျင့်ပါနဲ့” နှစ်မျက်နှာကာတွန်း၊ လူတို့၏ လောဘ၊ ဒေါသများသည် အန္တရာယ်ဖြစ်စေသည့်အတွက် ရွှေဝါချောင်းစောင့်နတ်က ရွှေများကို ဖျောက်ဖျက်လိုက်သည့်အကြောင်း တင်ဆက်ထားသည့် “လောဘ၏ သားကောင်များ” နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းကို စေတနာဖြင့် ဒူးရင်းသီးလက်ဆောင်ပေးသည်ကို ခွဲပြီးမပေးသည့်အတွက် အပြစ်တင်သည့်အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။

စတော်ဘယ်ရီပင် စတင်ပေါက်ဖွားရာဒေသနှင့် စတော်ဘယ်ရီသီးမှ ဗီတာမင်စီ ရရှိသည့်အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “စတော်ဘယ်ရီသီး” သုတကဏ္ဍ၊ ခြင်္သေ့မင်းက သူ၏ အသက်ကို ကယ်တင်ပေးခဲ့သည့်မြေခွေးကို အသက်သခင်ကျေးဇူးရှင်အဖြစ် ပြန်လည်ကျေးဇူးဆပ်သည့်အကြောင်း ရေးသားထားသည့် “အဆွေခင်ပွန်းကောင်း” ပုံပြင်ကဏ္ဍ၊ စာသင်ခန်းထဲရှိ သူငယ်ချင်းများအပေါ် အမြဲစတတ်၊ နောက်တတ်သော တပည့်ကို ဆရာကြီးက သူတစ်ပါးကို နောက်ပြောင်ခြင်းသည် တစ်ပါးသူ ပျက်စီးဆုံးရှုံးရခြင်းထက် မိမိကိုယ်တိုင် ပျက်စီးဆုံးရှုံးမှုဖြစ်ရကြောင်း သွန်သင်ထားသည့်“ဖျက်ဆီးသူထက် ပျက်စီးသူ မဖြစ်စေလိုပါ” ဝတ္ထုကဏ္ဍ၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေး၊ လောင်းကစားမလုပ်ဘဲ ပညာရေးကို အလေးထားပြီး ရိုးသားကြိုးစားသည့် မောင်လူလေးအကြောင်း ရေးဖွဲ့ထားသည့် “မောင်လူလေးသို့ ပေးစာ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

English Daily Conversation ခေါင်းစဉ်အောက်မှ စာကြည့်တိုက်ကတ် လုပ်မည့်သူနှင့် စာကြည့်တိုက် ဝန်ထမ်းတို့ အပြန်အလှန်ပြောဆိုပုံအကြောင်းကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ