စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ အတွဲ(၄၉)၊ အမှတ်(၉) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြ ထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အနာဂတ်ကမ္ဘာလှပရေး ပညာရေးကဏ္ဍ မြှင့်တင်ပေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါး ကဏ္ဍတွင် အနာဂတ်ကမ္ဘာ လှပဖို့ ပညာရေးကဏ္ဍကို မြှင့်တင်စို့၊ ကလေးလူကောင်းလေးတွေဖြစ်မှ လူကြီး လူကောင်းတွေ ဖြစ်လာမှာ၊ စတုတ္ထစက်မှုတော်လှန်ရေးနှင့်  ပညာရေး၊ လူငယ်ရေးရာ ကဏ္ဍတွင် ပညာရပ်ဝန်း၊ ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူးဆိုတာ မမေ့သင့်တဲ့အရာ၊ ရူဘစ်အန်စာတုံး တီထွင်သူ အာနိုရူဘစ်နှင့် တွေ့ဆုံခြင်း၊ ချိန်ကိုက်လှုပ်ရှား အကျိုးများ၊ စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး နိုင်ငံများ၊ တစ်ကိုယ်တော် စွမ်းပကား၊ အင်တာဗျူး အလွဲအမှားနဲ့ သြဇာကြီးမား မန်နေဂျာများ၊ ရှေးအကျဆုံးတက္ကသိုလ်ရဲ့ သမိုင်းဖြစ်စဉ်၊ လူငယ်နှင့် ယဉ်ကျေးမှု အငွေ့အသက်၊ ကဗျာကဏ္ဍတွင် အားလပ်ချိန်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အဖေမဟုတ်တော့သော ဖခင်များ ၊ အနာဂတ်ကမ္ဘာနှင့် ငြိမ်းချမ်းရေး၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် နားထောင်သူဖြစ်ပါစေ၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် ချင့်ချိန်စဉ်းစား အမုန်းစကား၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီဟာ အာရှမှာ အောင်မြင်ဖို့ခက်၊  သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သစ်တောများပြုန်းတီးမှုကြောင့် တိရစ္ဆာန်မျိုးစိတ်များ ဆိတ်သုဉ်း၊ လေဆင်နှာမောင်းနှင့် စိုက်ဆင်းလေပြင်းများ၊ ခူကောင်မှို၊ မူးယစ် ဆေးဝါးဆိုင်ရာ ကဏ္ဍတွင် ကမ္ဘာ့မူးယစ်ဆေးဝါး သတင်းများ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ် ဖွေရှာ ဆေးပညာ (၂၄၉)၊ ကျန်းမာရေးအကြောင်း တစေ့တစောင်း၊ ကျောက်ကပ်ကျန်းမာစေမည့် နည်းလမ်းများ၊ စီးပွားရေးဆိုင်ရာကဏ္ဍ တွင် စျေးနှုန်းများ တည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှု၊ သင့်စီးပွားရေးလုပ်ငန်းကို ပြန်လည်ပြုပြင်ဆောင်ရွက်ပါ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပင်လယ်ပြင်က ဆုံးဖြတ်ချက်၊ ဝတ္ထုတိုကဏ္ဍတွင် စိတ်ချလက်ချ ကြည်ဖြူချင်၊ အထွေထွေ ကဏ္ဍတွင် အဏ္ဏဝါက အာဟာရများ၊ ခန္ဓာကိုယ်ရှိ အမွေးအမှင်များ၏ အခြေအနေနှင့်ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင် ပါသည်။
    
 သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ