“သက်ဦးခင်” ရေးသားသည့် “ဖူးစီဝေလန်း ရောင်စုံပန်း” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“သက်ဦးခင်” ရေးသားသည့် “ဖူးစီဝေလန်း ရောင်စုံပန်း” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ဖူးစီဝေလန်း ရောင်စုံပန်း” စာအုပ်တွင် ကဗျာပုဒ်ရေ (၇၂) ပုဒ် ပါဝင်သည်။ အသံသာယာ၍ ဖတ်ရွတ်ချင်စဖွယ် ကဗျာလေးများဖြစ်ပြီး ကလေးတို့ ထိတွေ့ကျင်လည်ရသော ပတ်ဝန်းကျင်မှ စိတ်ဝင်စားဖွယ်ရာ သက်ရှိသက်မဲ့တို့အကြောင်းကို နားလည်လွယ်အောင် သီကုံးဖွဲ့ဆိုထားပါသည်။ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းမှုရှိစေရန် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ ကျေးလက်တောရွာသဘာဝအလှအပများကို ချစ်ခင်မြတ်နိုးရေး၊ ပညာထူးချွန် သော လူငယ်လူရွယ်များဖြစ်အောင် ကြိုးပမ်းအားထုတ်လိုစိတ် မြင့်မားလာစေရေးတို့အတွက် ဦးတည် ဖွဲ့ဆိုထားသည့်အပြင် အချို့ကဗျာများကို ရောင်စုံသရုပ်ဖော်ပုံတို့ဖြင့်လည်း ဝေဝေဆာဆာရေးသား ထားသော ကလေးကဗျာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ