''ဒီပံလင်း'' ရေးသားသည့် “ကမ္ဘာသားအားလုံးအတွက် စိန်ခေါ်ချက်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

''ဒီပံလင်း'' ရေးသားသည့် “ကမ္ဘာသားအားလုံးအတွက် စိန်ခေါ်ချက်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဘာသာပြန်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ဒီပံလင်း”“ကမ္ဘာသားအားလုံးအတွက် စိန်ခေါ်ချက်များ” စာအုပ်တွင် လက်နက်များ တိုးတက်ပြန့်ပွားလာြခင်းနှင့် စစ်ပွဲများ၊ အမျိုးသားရေးဝါဒ၊ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ကမ္ဘာ့လုံခြုံရေးပြဿနာ စသည့် ကဏ္ဍများကို ခေါင်းစဉ်ငယ်များပိုင်းခြားကာ တင်ပြထားသည့် အကြောင်းအရာများ ပါဝင်ပေရာ ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာများကို မျက်ခြေမပြတ်လိုသူများ လေ့လာဖွယ် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၆၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ