စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ယခု ဒီဇင်ဘာလမှစ၍ သုတ ပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ အတွဲ (၄၈)၊ အမှတ်(၁၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''ကင်းထောက်ဆိုင်ရာ သိကောင်းစရာ'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၊ ကင်းထောက်ဆိုသည်မှာ၊ ကင်းထောက်ဆိုတာဘာလဲ၊ လူငယ်ရေးရာကဏ္ဍတွင် လူငယ်များအတွက် တွန်းအား၊ ဘုရားသခင် ဖြစ်စေချင်တာက…၊ နိုင်ငံသားတိုင်း အလေးထားလိုက်နာကြစရာ ကျင့်ဝတ်ငါးဖြာ၊ လူငယ်များ ဦးဆောင်သော ဆန်းသစ် ဖန်တီးမှု၊ Stay at Home နှင့် မျက်စိကျန်းမာရေး၊ ကျွန်ုပ်တို့နှင့်  ဆူညံသော ပတ်ဝန်းကျင်၊  ဆင့်၍ ဆင့်ကာတက်လှမ်း လူငယ်တွေရဲ့ လမ်း (၁)၊ အကောင်းဆုံးဆရာ၊ လူငယ်ဖွံ့ဖြိုးမှု၊ ယနေ့လူငယ်များနှင့် အချိန်၊ ကဗျာကဏ္ဍတွင် မြားတစ်စင်းနှင့် တေးတစ်ပုဒ်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အာဖဂန် ဒုက္ခသည်များအား လက်ကမ်းကြိုဆို၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် တစ်ဦးချင်း စွမ်းဆောင်ရည်မှ ထိရောက်သော အဖွဲ့အစည်းသို့၊  စီးပွားရေးဆိုင်ရာကဏ္ဍတွင် အရောင်စုံ စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၀)၊ စားအုန်းဆီက စားသုံးရန် သင့်ပါ သလား၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး၊ ဂျိုးရဲ့ကျောရိုး ကျွန်တော်၊ သဘာ၀ ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ကိုက်အားပြင်း တိရစ္ဆာန်များ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အသက်ကိုရင်း၍၊ ခရစ္စမတ်ည လမ်းလျှောက်ထွက်ခြင်း၊  ဝတ္ထုတိုကဏ္ဍတွင် ခရစ္စမတ်ပုံပြင်၊ အထွေထွေကဏ္ဍတွင် အုန်းခြံလုပ်သား မျောက်ကလေးများနှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
    
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင်အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ