မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၂၁-၁-၂၀၂၅ (အင်္ဂါနေ့) မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး စာတည်းမှူး ဒေါ်ဇင်မာထွေးက မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ဝင် ဆရာကြီး ဆရာမကြီး များက မြန်မာ့ရည်ညွှန်းကျမ်းနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြမည့် အကြောင်းအရာများကို အကြံပြုဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာ မောင်သင်း (မောင်သင်း-သပြေ) က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၃:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

1-335

အကြံပြုစာ/တိုင်ကြားစာ