အမျိုးသားစာပေဆု ၇၅ ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် စာပေစကားဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်၊ စာဆိုတော်နေ့တွင် ကျရောက်မည့် အမျိုးသားစာပေဆု ဆုနှင်းသဘင်ကျင်းပခြင်း (၇၅) ကြိမ်မြောက် စိန်ရတုကို ကြိုဆိုသောအားဖြင့် “အမျိုးသားစာပေဆု (၇၅) ကြိမ်မြောက် စိန်ရတုအကြို စာပေစကားဝိုင်း” ကို ၈-၁၁-၂၀၂၄ (သောကြာနေ့) နံနက် ၁၁ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာပေစကားဝိုင်း၌ ဆရာဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့်-မြန်မာစာ)၊ ဆရာ ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)၊ ဆရာဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဆရာမ ဒေါ်မြမြသန်း (မနှင်းဖွေး) စသည့် စာပေပညာရှင်ကြီးများက  ဆွေးနွေးပေးခဲ့ကြသည်။ ဆွေးနွေးပွဲကို အပိုင်း (၂) ပိုင်းဖြင့် ကျင်းပခဲ့ပြီး ပထမပိုင်း၌ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် စာပေဆုများ အကြောင်း၊ ဒုတိယပိုင်းတွင် မြန်မာစာပေနှင့်ပတ်သက်သည့်အကြောင်းအရာ၊ စာပေဆုရ စာအုပ်များ အကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မွန်းတည့် ၁၂ : ၀၀ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

1-329

အကြံပြုစာ/တိုင်ကြားစာ