ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၇-၁၁-၂၀၂၄ (ကြာသပတေးနေ့) မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဆရာပါမောက္ခကိုကိုအောင် (သိပ္ပံပညာရှင်နှင့်သိပ္ပံစာရေးဆရာ) က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) နှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက မြန်မာ့ရည်ညွှန်းကျမ်းနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြမည့် အကြောင်းအရာ များကို အကြံပြုဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ (၂) ဆရာပါမောက္ခကိုကိုအောင် (သိပ္ပံပညာရှင်နှင့်သိပ္ပံစာရေးဆရာ) က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၃ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။