၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကျင်းပ

 ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ်  (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိ လည်းကောင်း၊ ၁၁ : ဝဝ နာရီမှ မွန်းတည့် ၁၂ : ဝဝ နာရီအထိလည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

02-26
 

03-24

အကြံပြုစာ/တိုင်ကြားစာ