၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

  ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နံနက် ၁၂ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း) နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင်ဦး (ဟိန်းလတ်) က ခွင့်ပန်ခဲ့ပါသည်။ 

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာဘာသာရပ်အလိုက် ပေးပို့လာ သည့် စာအုပ်များကို စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြ ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမ အဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သိရသည်။

1-189

2-159

3-87

 

အကြံပြုစာ/တိုင်ကြားစာ