စာပေဗိမာန်

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၆) ပြုစုထုတ်ဝေခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၆) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

၂၀၂၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်ပွဲ အခမ်းအနားကျင်းပ

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်၏ ၂ဝ၂၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်း သဘင်ပွဲ အခမ်းအနားပွဲကို ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက် (ကြာသပတေးနေ့) တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

01-35

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် (ရန်ကုန်) တွင် ယခုလ ဖတ်ရှုနိုင်သောစာအုပ်များ

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည် ပြည်သူတို့ ဗဟုသုတဖြစ်စေရန်နှင့် စာဖတ်အလေ့အကျင့် တိုးပွားစေရန်၊ အတွေးအခေါ်ရင့်သန်လာ၍ ဉာဏ်အမြော်အမြင်ကြီးပွားလာစေရန်၊ နိုင်ငံ့သားကောင်း များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များထားရှိကာ သုတ၊ ရသစာအုပ်မျိုးစုံဖြင့် ဝန်ဆောင်မှု                   ပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖတ်ရှုနိုင်သော စာအုပ်များစာရင်းကို အများပြည်သူ သိရှိနိုင်ရန်

၂၀၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီးအစည်းအဝေးကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ နာရီအထိ ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီးအစည်းအဝေးကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ : ၀၀ နာရီမှ  ၁၁ : ၀၀ နာရီအထိ ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အကြံပြုစာ/တိုင်ကြားစာ