ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၇)၊ အမှတ်(၃၃) ၌ မိဘထံမှ အမွေရသည့် အိမ်ကို ပြုပြင်ထိန်းသိမ်း၍ ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်သော ဖြူဖြူနှင့် မပြုပြင် မထိန်းသိမ်းတတ်၍ ပျက်စီးသွားသော ဖွေးဖွေးတို့ ယုန်ညီအစ်ကို နှစ်ကောင်အကြောင်းကို သရုပ်ဖော်ထားသည့် “ထိန်းသိမ်းကြပါ” မျက်နှာဖုံးကာတွန်း၊ ဒေါသရှေ့ထားပြီး မဆင်မခြင်သော စိတ်ဖြင့် ဖားကို အော်လိုက်မိသောကြောင့် ခြင်္သေ့ကြီး သေဆုံးသွားရသည်ကို သရုပ်ဖော် ထားသည့် “ဒေါသကြီးတဲ့ ခြင်္သေ့ကြီး” နှစ်မျက်နှာကာတွန်း၊ ဖိုးတစ်တို ကန်လိုက်သော ဘောလုံးကြောင့် ပြတင်းပေါက်မှန် ကွဲသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ ဝက်ညီအစ်ကိုတို့မှာ ရွက်လွှင့်တမ်းကစားရာတွင် ရွက်လှေလေး မဆုံးရှုံးရလေအောင် အပ်ချည်ကြိုးဖြင့် ချည်ပြီး ကစားသည်ကို သရုပ်ဖော်ထားသည့် “ဝက်ညီအစ်ကို” နှစ်မျက်နှာကာတွန်း၊ ချက်စူ၏ဖခင် ရှင်းပြ လိုက်သောကြောင့် ခဲတံတိုလေးတွေကို လွှင့်မပစ်ဘဲ ဝတုတ်ကဲ့သို့ အသုံးပြုကြမည့် ဗိုက်ပူတို့ သူငယ်ချင်း များအကြောင်း သရုပ်ဖော်ထားသည့် “ခဲတံလေး၏ တန်ဖိုး” နှစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းမေးသည် ကို စနောက်၍ ဖြေလိုက်သော မြဂျိုးအကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုး” မျက်နှာဝက်ကာတွန်း ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
စက်ဘီးစတင်ပေါ်ပေါက်လာပုံနှင့် အသုံးဝင်ပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “စက်ဘီးကမ္ဘာ” သုတဆောင်းပါးကဏ္ဍ၊ ထွန်းတောက်နှင့် သူငယ်ချင်းများသည် လမ်းခင်းရာတွင် စုပေါင်း ၍ လုပ်အားပေးထားသည့်အကြောင်းကို ရေးသားထားသည့် “စုပေါင်းအင်အား” ဝတ္ထုကဏ္ဍ၊ ကောက်ကျစ် သော လှေသူကြီးဆီမှ အသပြာငွေတစ်ထောင်ကို ရအောင်ယူနိုင်သည့် ဉာဏ်ကောင်းသော မောင်အိုင်း အကြောင်း ရေးသားထားသည့် “ဉာဏ်ကောင်းသူ၏ ပရိယာယ်” ပုံပြင်ကဏ္ဍနှင့် မိုးဥတုတွင် မိုးများ သည်းပုံ၊ အဖေက လယ်ထွန်ပုံ၊ မေမေက အိမ်တွင် ထမင်းချက်ပုံ၊ ချင်းတွင်းမြစ်တွင် လှေများဖြင့် ထင်းဆယ်ပုံ၊ လယ်ကွက်များတွင် ကောက်စိုက်နေကြပုံနှင့် ကျောင်းသူ၊ ကျောင်းသားများ စာသင်ကျောင်း များ သွားကြပုံတို့အကြောင်းကို ရေးဖွဲ့ထားသည့် “မိုးရာသီအလှ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။