၁၉ - ၇ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၉) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၂၉)၌ ကလေးများ မိုးဦးကျအချိန်တွင် မိုးလေများကျရောက်စဉ် ကစားပါက အန္တရာယ်ကြုံတွေ့နိုင်ပုံနှင့် မိဘစကားကို နားထောင်ပါက ကောင်းကျိုးများကိုသာ ခံစားရနိုင် ပုံကို သရုပ်ဖော်ထားသည့် “ချက်စူပါဝင်သော မိုးဦးအန္တရာယ်” မျက်နှာဖုံးကာတွန်း၊ လိပ်ကလေး၏ အကြံပြုချက်အတိုင်း နောင်ဖြေဆိုမည့် စာမေးပွဲများတွင် စာကြိုးစားတော့မည့် မောင်မောင်အကြောင်းကို သရုပ်ဖော်ထားသည့် “လိပ်ကလေးရဲ့ အကြံဉာဏ်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးထံမှ ပစ္စည်းများကို ရယူလိုသော အန်တီသီရိကို အမှိုက်ထုပ်ကြီးပေးကာ ပညာပေးလိုက်သော ဂါကြီးအကြောင်းကို သရုပ်ဖော် ထားသည့် “ချစ်မွှေး”  နှစ်မျက်နှာကာတွန်း၊ တောရွာလေးသို့ သွားရောက် လည်ပတ်ခဲ့သော ကိုလာ၏ အတွေ့အကြုံသစ်များကို သရုပ်ဖော်ထားသည့် “ရွာသို့တစ်ခေါက်” နှစ်မျက်နှာကာတွန်း၊ ဖားကို မရိုက်ခင် မိမိခေါင်းပေါ်သို့ သစ်ကိုင်းကျိုးကျသည်ကို ခံခဲ့ရသော ဖိုးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ကိုယ်ချင်းစာပါ” တစ်မျက်နှာကာတွန်းနှင့် ကြက်၊ ဝက်နှင့် နွားပုံများကိုကြည့်၍ ငါးပိရည်နှင့်သာ ထမင်း စားခဲ့ရသော ပေါက်စီအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ပေါက်စီ¬” မျက်နှာဝက် ကာတွန်းတို့ကို ပါဝင်ပါသည်။

        သုတဆောင်းပါးကဏ္ဍတွင် သစ်တောသစ်ပင်များ စိုက်ပျိုးသင့်ကြောင်းနှင့် စိုက်ပျိုးပါက ရရှိလာမည့် အကျိုးကျေးဇူးများကို ရေးသားထားသည့် “ဝန်းကျင်သာယာလှဖို့ သစ်ပင်စိုက်ကြစို့” သုတ ဆောင်းပါး၊ စိတ်ထားဖြူစင်သော မောင်ထွေးအကြောင်းကို ရေးသားထားသည့် “ဖြူစင်စိတ်ထား” ဝတ္ထုနှင့် မိုးလေသင့်၍ ဒုက္ခရောက်နေသောငှက်ကျားလေးကို ကူညီပေးခဲ့၍ စာကလေး ဒုက္ခရောက်ချိန်တွင်လည်း အကူအညီပြန်လည်ရရှိပုံကို ရေးသားထားသည့် “ငှက်ကျားလေး” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေး တို့အနေဖြင့် ပေးထားသောရုပ်ပုံလေးများကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့်  “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများကို လွမ်းဆွတ်တသပုံ အကြောင်းကို သီကုံးရေးစပ်ထားသည့် “ဇာနည်မော်ကွန်း” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ