၂၈-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၆)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၆)၌ အန်တီတစ်ဦးကို ခါးပိုက်နှိုက်အန္တရာယ်က ကာကွယ်ပေးနိုင်ခဲ့သော ကျောင်းသားတစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် “ဘတ်စကားပေါ်မှာ” မျက်နှာဖုံးကာတွန်း၊ ငှက်ငယ်မလေးက လာရောက်အကူအညီတောင်းသည်ကို ဂရုမစိုက် အလေးမထားမိရာက မိမိတွင် လည်း ဒုက္ခရောက်ရသော ဥဒေါင်းမအကြောင်း သရုပ်ဖော်ထားသည့် “ကိုယ့်အပြစ်နှင့် ကိုယ်ခံ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအချင်းချင်း ရိုင်းပင်းကူညီလျက် ပျော်ရွှင်စွာ အတူကစား၊ စားသောက်နေထိုင်ကြပုံအကြောင်း သရုပ်ဖော်ထားသည့် “သူငယ်ချင်းတစ်တွေ” နှစ်မျက်နှာ ကာတွန်း၊ လူကြီးမိဘ၊ ဆရာသမားများက ရေကန်ကြီး၌ ရေမကူးရန် သတိပေးထားသည့်ကြားက ရေသွားကူးမိသော မြဂျိုးတို့သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုး- အုတ် ရေကန်ကြီး” နှစ်မျက်နှာကာတွန်း၊ လက္ခဏာအမျိုးမျိုးရှိကြောင်းကို ရှင်းပြလိုက်သော ချက်ပု အကြောင်း သရုပ်ဖော်ထားသည့် “ချက်ပု- လက္ခဏာကြည့်ကြမယ်” တစ်မျက်နှာဟာသကာတွန်းနှင့် အငြင်းပွားနေကြသည့် ဘယ်ကျော်နှင့် သူငယ်ချင်းတို့ကို အဖြေမှန်ပေးလိုက်သော သူငယ်ချင်း တစ်ယောက်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

         သုတကဏ္ဍအနေဖြင့် အပ်ချည်ပင် ပြုလုပ်ပုံနှင့် အပ်ချည်ပင်အမျိုးအစားများအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် သစ်ပင်၊ သစ်တောတို့သည် လူသားတို့အတွက် များစွာ အသုံးဝင်၊ အသုံးတည့်ပုံကို နားလည်သဘောပေါက်သွားသော ဖြိုးမောင်မောင်အကြောင်း ဖတ်ရှုရ မည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဂျူလီရာသည် သူ နှစ်သက်ပြီး အလွန်လိုချင်နေသော အရုပ်လှလှလေးကို လက်ဆောင်ရလိုက်သောကြောင့် ဝမ်းသာပျော်ရွှင်ရပုံအကြောင်း ရေးသားထား ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍ၊ ငလျင်ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် ကျောက်ဆည်မြို့နယ်မှ ရိုးရာဆင်အက၊ အလှအကြောင်း ရေးဖွဲ့ထားသည့် ဆရာမ ရွှေမြိုင်ပြုံးလဲ့မော်၏ “နိဗ္ဗာန်ပို့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် တိုက်ခန်း၊ အိမ်ခန်းငှားသည်ကို ဝန်ဆောင်မှုပေးသော ကိုယ်စားလှယ်ဆီသို့ သွားရောက်ပြီး မိမိငှားရမ်းလိုသည့် တိုက်ခန်း ရနိုင်၊ မရနိုင် မေးမြန်းစုံစမ်း ပြောဆိုသည်ကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည်ကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါ သည်။ 

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ