၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အတွဲ(၅၁)၊ အမှတ်(၉) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အဂတိကင်းစင်သည့် အသိုက်အဝန်း ဖော်ဆောင်နိုင်ရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အဂတိလိုက်စားမှုကင်းသည့် လူမှုအဖွဲ့အစည်းကို တည်ဆောက်ခြင်း၊ အဂတိ ကင်းစင်ရေး ကျင့်ဝတ်လိုက်နာပေး၊ လူငယ်ရေးရာကဏ္ဍတွင် တွန်းအား၊ ဆရာကတော့ ဆရာပါပဲ၊ နှလုံးသားမှာ သန္ဓေတည်၊ အာခံတွင်းက မွေးဖွား၊ အချိန်ကိုက်ဖြစ်မှုကို ရှေးရှု၊ ဂီတပရိယာယ် အသွယ်သွယ်၊ ကျေးဇူးရှင် ဆရာသခင်များနှင့် လုပ်ဖော်ကိုင်ဖက်များကို သတိရလွမ်းဆွတ်ခြင်း အပိုင်း(၂)၊ အပြည်ပြည်ဆိုင်ရာ ကလေးများ၏ ဒစ်ဂျစ်တယ်စာကြည့်တိုက်၊ မျိုးရိုးဇာတိ၊ အောင်မြင်ရန် မိနစ် ၃၀၊ ဖတ်သမျှ ဒဿန၊ ကဗျာကဏ္ဍတွင် ချောင်းကလေး၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အင်ဒို - ပစိဖိတ် ဒေသတွင် ဉရောပ - တောင်ကိုရီးယား၏ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ ဗီဇပြောင်း ခြင်မျိုးဆက်သစ်၊ သဲအကြောင်း စိတ်ဝင်စားဖွယ် ၁၃ ချက်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့အခြေအနေအပြောင်းအလဲများနှင့် လက်နက်ကုန်သွယ်မှု၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် တွားသွားပိုးမွှားပေါ်တွင် တွယ်ကပ်ရှင်သန်သည့် ဆေးဖက်ဝင်မှိုမျိုးစိတ်၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးလုပ်သား ပြဿနာ၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ယနေ့လူငယ်၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် လူကုန်ကူးမှု ပပျောက်ရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၇၃)၊ ဂျိုးရဲ့သိုင်းရွိုက်အကျိတ် ကျွန်တော်၊ လုပ်ငန်းခွင်ကျန်းမာရေး ဂရုစိုက်ပေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် လေဖြတ်ခံရပြီးနောက်…၊ ပီဆာမြို့က တိမ်းစောင်းမျှော်စင်၊ အထွေထွေကဏ္ဍတွင် အနုပညာရှင်များနှင့် ကျန်းမာရေး၊ နှစ်သက် ကြရာ စာကဗျာတွေ၊ ကြိုဆိုပါသည် ၂၅ နှစ်တာ ငွေရတုဆီ၊ ရုပ်လောကကို တည်ဆောက်ကြသော အမှုန်လေးများ၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။