၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အတွဲ(၅၁)၊ အမှတ်(၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “စားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် စားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးစို့၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး အစွမ်းကုန်ကြိုးပမ်းပေး၊ လူငယ်ရေးရာကဏ္ဍတွင် အချိန်ဖြင့် ကုစားခြင်း၊ တရားဓမ္မကို သိသွားသော ကြောင့် အိမ်ထောင်ရေး ကံဆိုးသွားသည့် စာရေးဆရာ၊ ပျိုဖော်ဝင်စ လမ်းမှန်ပြနိုင်ဖို့၊ ရွှင်လန်းချမ်းမြေ့ ကြစေဖို့…၊ လူကောင်းလား၊ လူတော်လား၊ လူငယ်နှင့် အရည်အချင်း၊ ဦးဆောင်မှုနဲ့ “လား” သုံးလား သီအိုရီ၊ ဘာသာစကားအမျိုးမျိုးကို တတ်သိထားသင့်သည်၊ အသိပညာ ဖြန့်ဝေပါ၊ ကဗျာကဏ္ဍတွင် မိုးဆွေငှက်ငယ်သို့၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ခေတ်သစ်ဇီဝလောင်စာများ (အပိုင်း-၂)၊ မတူလေသော ငယ်ဘဝများ၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဖြစ်နိုင်ခြေ သဘာဝ လူသတ်သမား၊ ညစ်ညမ်းနေသည့် လေထုများ၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် နောက်ကလိုက်၍ နှောင့်ယှက်ခြင်း၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ပင်လယ်ပြာ မဟာဗျူဟာ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆၆)၊ အသက်ရှည်ရာရှည်ကြောင်း၊ ဆောင်းရာသီနှင့် အုန်းစိမ်းရည်၊ ဝတ္ထုတိုကဏ္ဍတွင် ချစ်သူပျောက်ကို ရှာခဲ့သူ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သတင်းစာပို့တဲ့ ကောင်ကလေး၊ ပျားတုပ်ရေ အချက် တစ်ထောင်၊ အထွေထွေကဏ္ဍတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး၊ အချိန်နှင့် အာကာသ၊ ခွင့်လွှတ်ပါ အချစ်ရယ်၊ နှလုံးသားကို ဖော်ကျူးသောလုပ်ရပ်၊ ကလေးများ၏ ပျော်ရွှင်ခြင်း၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။