၂၅ - ၁၁ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၄၇) ၌ တိရစ္ဆာန်ပင်ဖြစ်လင့်ကစား မိမိ၏ သားသမီးများအပေါ် အန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်ပေးလိုသည့် ကြက်မကြီးကို ဥပမာပြုကာ မိခင်မေတ္တာအကြောင်း ဖော်ညွှန်းထားသည့် “မိဘစိတ်” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ မိမိထက် ဆင်းရဲနွမ်းပါး သူများအပေါ်တွင် ကိုယ်ချင်းစာစိတ်ဖြင့် ဆက်ဆံသင့်ကြောင်း မြို့စားမင်းက သူဌေးကြီးဦးအဂ္ဂအား အသိပညာပေးလိုက်သည့်ပုံကို တင်ဆက်ထားသည့် “ကိုယ်ချင်းစာပါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအချင်းချင်း စာကူးပေးသင့်ကြောင်း ဖိုးလပြည့်က တူးမာကို ပြောပြထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကဏ္ဍ၊ လေးဖြိုး၏ ဉာဏ်စမ်းမေးခွန်းများကို ဆက်စပ်ပြီး ဖြေထားသည့် လင်းသစ်တို့အကြောင်း တင်ဆက်ထားသည့် “လင်းသစ်ပါဝင်သည့် ဉာဏ်စမ်းမေးခွန်းများ” နှစ်မျက်နှာကာတွန်း၊ ရိုးသားပြီး စိတ်ထားဖြူစင်သော အငှားကားမောင်းသည့် ကိုအောအကြောင်း တင်ဆက်ထားသည့် “ဖြူစင်သောအလှ” နှစ်မျက်နှာကာတွန်းနှင့် လူသုံးယောက်ကို ထီးတစ်ချောင်းသာဆောင်းသည့်တိုင် မိုးမစိုသည့်အကြောင်း သူငယ်ချင်းနှစ်ယောက် ဟာသဖြစ်ဖွယ်ပြောကြပုံကို တင်ဆက်ထားသည့် “ကြယ်စင်” မျက်နှာဝက်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ဘုရားပွဲ၊ အလှူပွဲ၊ သင်္ကြန်ပွဲနှင့် မြန်မာ့ကျေးလက်ဒေသတွင် အချိန်အခါ ရာသီမရွေး တီးမှုတ်ကခုန်လေ့ရှိပြီး အတီးနှင့် အက လိုက်ဖက်ကျသော အိုးစည်အကအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ခုနစ်ထွေအက(အိုးစည် အက)” သုတကဏ္ဍ၊ ဘဝတွင် မိတ်ဆွေအပေါင်းအသင်း ကောင်းထားရှိခြင်း၏ အရေးပါပုံနှင့် အပေါင်းအသင်းမှားပါက မိမိကိုယ်တိုင် ဒုက္ခရောက်ရပုံကို ရေးသားထားသည့် “အပေါင်းအသင်း ကြည့်ပေါင်းမယ်” ဝတ္ထုကဏ္ဍ၊ တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်းကပ်လှူပွဲနှင့်  ဘုံကထိန်သင်္ကန်းကပ်လှူပွဲများ ကျင်းပပုံ၊ ဆီမီးများ ထွန်းကြပုံနှင့် ရာသီပန်းများ ပွင့်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် “တန်ဆောင်တိုင်ပွဲတော်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

Spoken English တွင် အတိုချုံ့၍ ပြောဆိုနိုင်ပုံကို ဝါကျများကို ဥပမာဝါကျများပေး၍ ရှင်းလင်းထားရုံသာမက ပိုမိုကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ခန်းများနှင့်ပါ လေ့ကျင့်နိုင်မည့် “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” ကဏ္ဍ၊ ပုံပြင်ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ