၂၀ ၂၃ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၂၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ၂၀ ၂၃ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၂၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာတို့ ပါဝင် သည်။ 

အပိုင်း (၂) အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့် ကြော်ငြာစာတို့ ပါဝငသည်။

အပိုင်း (၄) တွင် Kyauk Seinn Ah Hla Gems Company Limited မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ၃၅၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၂၁၁ အရ (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊
Northern Summit Gems Company Limited မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ၃၅၇ နှင့် လူမွဲခံယူခြင်း ဆိုင်ရာဥပဒေပုဒ်မ၂၁၁ အရ (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ Taung Paw Yadanar Myay Gems Company Limited မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ၃၅၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ၂၁၁ အရ (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ Hla Pa Seinn War Gems Company Limited မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ၃၅၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၂၁၁ အရ (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ Tha Ba Wa Ah Hla Gems Company Limited မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ၃၅၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၂၁၁ အရ (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ Jade Family Gems Company Limited မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ၃၅၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၂၁၁ အရ (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)  တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ