ဆရာမ ယဉ်ယဉ်နု (မန္တလေး)  ၏ “ ကျောက်ပန်းခွေ၊ ရွှေခြေချင်း၊ တောင်သမန်လေညင်း ဝတ္ထုစုစည်းမှု” စာအုပ်ကို ထုတ်ဝေ ဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က  ဆရာမ ယဉ်ယဉ်နု (မန္တလေး)  ၏ “ ကျောက်ပန်းခွေ၊ ရွှေခြေချင်း၊ တောင်သမန်လေညင်း ဝတ္ထုစုစည်းမှု” စာအုပ်ကို ထုတ်ဝေ ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။

နီးနီးလေး၊ ကျန်းမာကြပါစေ... ချမ်းသာကြပါစေ၊ ကိတ်မုန့်ကြီး၊ မိုးပေါ်ကကျတဲ့မျက်ရည်၊ မကြွားရရင် မနေနိုင်ပေါင်၊ ဒါန၊ သီလ၊ ဘာဝနာ၊ အတ္တကရှေ့နားလေးမှာ၊ ကျောက်ပန်းခွေ၊ ရွှေခြေချင်း၊ တောင်သမန် လေညင်း၊ ခွန်အား၊ အတ္တမြစ်တို့၏စီးမျောရာ စသည်ဖြင့် ငွေတာရီမဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်း၊ အနော်မာ မဂ္ဂဇင်းနှင့် မန္တလေးစည်ပင်သာယာနှစ်ပတ်လည်မဂ္ဂဇင်းတို့တွင် ဖော်ပြပါရှိသည့် မဂ္ဂဇင်းဝတ္ထုရှည် သုံးပုဒ်အပါအဝင် စုစုပေါင်း ၂၇ ပုဒ် ပါဝင်သည်။ အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးသူရဇော်၏ ဖတ်ညွှန်းနှင့်အတူ ကိုယ်ကျိုးကို ရှေ့တန်းတင်တတ်သည့် လူတို့၏သဘောသဘာဝ၊ သဒ္ဒါတရားရှိသူနှင့် မရှိသူတို့၏ သွားရာလမ်းမတူညီပုံ၊ ကြောက်မက်ဖွယ် လူတို့၏အတ္တစိတ်တို့ကို စာရေးသူက ပညာသား ပါပါဖြင့် ခြယ်မှုန်းရေးဖွဲ့ထားသည့် ရသ‌‌မြောက်စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း - ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ - ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ