၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၈) ရက်တွင် စာအုပ် (၉) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၂ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၈) ရက်တွင် စာအုပ် (၉) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -

(၁) စူပါ ပါဝါပြိုင်ပွဲနှင့် AI နည်းပညာ - ဒေါက်တာ တင်ဘုန်းကျော်၊ (၂) လွန်ခဲ့တဲ့နွေရာသီ - ဆရာနိုင်ဇော်၊ (၃) ရခိုင်ပြည်သုံး ဒင်္ဂါးနှင့် ခေတ်ပြိုင်ဒင်္ဂါး - မောင်ဖြူ (ကြွီတဲ့ကျွန်း)၊ (၄) ဒွေးချိုးကဗျာ မင်္ဂလာနံနက်ခင်း (မဲခေါင်စာပေဆုရ) - နေမင်းသန်း၊ (၅) သုတဗုဒ္ဓ တိပိဋကဓရ ဆရာတော်ဘုန်းကြီးများ - အောင်ချစ်စိုး (လသာ)၊ (၆) ရင်ကိုခွင်းသောမြား - တိမ်တမန် (ရွှေပြည်သာ)၊ (၇) ကျရာဇာတ်ရုပ်နှင့် ဘဝဒသန အလှ ကဗျာများ (ကဗျာ ၁၀၀) - ကြည်တင့်နိုင်၊ (၈) ပျောက်ကွယ်ခဲ့သော တော်ဝင်ကျွန်း ဘုန်းကြီးကျောင်းများ - ဉာဏ်လင်းတင့်၊ (၉) ဘဝခရီးသွားလူငယ်များသို့ - ကပ္ပတိန်သာစိန်၊
 

အကြံပြုစာ/တိုင်ကြားစာ