ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က “နွေကံ့ကော်(မြို့လှ)၏ “လူ့ဘဝခဏတာ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့ ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကျွန်တော်နှင့် ငယ်ဘဝ၊ ကျွန်တော်နှင့် တက္ကသိုလ်ကျောင်းသားဘဝများ၊ ကျွန်တော်နှင့် အိမ်ထောင်သည်ဘဝ၊ ပြောပြချင်သည့် အကြောင်းလေးများ စသည့် အခန်းလေးခန်း ခွဲ၍ ရေးသားထားပြီး ဆရာကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဘဝခရီးနှင့် အခက်အခဲ အဟန့်အတားများကို ခိုင်မာသော စိတ်ဓာတ်၊ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ဖြတ်ကျော်ခဲ့ပုံတို့ကို လူငယ်များ အတုယူအားကျဖွယ် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး ( ၂၅၀၀ ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။