ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ အရာထမ်း၊ အမှုထမ်းတို့ တွေ့ဆုံသည့် အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး သို့ (၁၂-၁၂-၂၀၂၂)ရက် နံနက် (၉:၃၀) နာရီတွင် စာပေဗိမာန်ရုံးသို့ ရောက်ရှိ၍ စာပေဗိမာန် အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားလမ်းညွှန်ပါသည်။
ယင်းနောက် စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ်နှင့် စာပေဗိမာန်၏ အရာထမ်း၊ အမှုထမ်းတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ တွေ့ဆုံပွဲအခမ်းအနားကို အစီအစဉ် (၃) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက စာပေဗိမာန်ရုံး ဝန်ထမ်းများအနေဖြင့် လုပ်ငန်း လုပ်ဆောင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်၊ ဗဟုသုတကြွယ်ဝကာ ဉာဏ်ပညာဖြင့် အရာရာကို ဆုံးဖြတ်ဆောင်ရွက်နိုင်စေရန် စာကောင်းပေမွန်များကို ဖတ်ရှုရန် လိုကြောင်း၊ နေ့တစ်နေ့တွင် ကုသိုလ်၊ ပညာ၊ ဥစ္စာများ ရရှိအောင် လုပ်ဆောင်သင့်ကြောင်း၊ သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များနှင့်အညီ လောကလူဘောင်တွင် ပြုမူကျင့်ကြံနေထိုင်တတ်ရန်လိုကြောင်း စသည့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များ မှာကြားကာ အခမ်းအနားကို နံနက် (၁၁:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။