မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၁) ပြုစုရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့အစည်းအဝေးကို (၄-၈-၂၀၂၀) အင်္ဂါနေ့ နံနက် ၁၀ : ၀၀ နာရီက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဆရာကြီးဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာကျော်ဝင်း၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာအေးကျော်၊ ဒေါက်တာစောမြအောင်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် အယ်ဒီတာအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက်ရောက်လာသည့် ပညာရှင်များက မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၀) ထုတ်ဝေရာတွင် ပြင်ဆင်ဖြည့်စွက်ရန် အချက်များအပါအဝင် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၁) တွင် ပါဝင်ဖော်ပြသင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။