ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၄)၌ မျောက်တို့၏သဘာဝအရ တောထဲတွင် ပြေးလွှားဆော့ကစားသည်ဆိုသော်လည်း အခြားသတ္တဝါများ အတွက် အနှောင့်အယှက်ဖြစ်ရပုံကို အတုယူရှောင်ရှားနိုင်ရန် တင်ဆက်ထားသည့် “ပြေးနေရတဲ့ မျောက်ဖိုးစိန်” မျက်နှာဖုံး ကာတွန်း၊ ကလေးသဘာဝ ကစားတတ်သော်လည်း သူတို့၏ကူညီတတ်သော စိတ်ကို ကျေးဇူးတင်ကာ ဦးစော၏ ခြံထဲတွင် အန္တရာယ်ကင်းကင်းကစားခွင့်ရသွားသော နိုးတူးတို့ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “နိုးတူးနှင့် ဦးစော” နှစ်မျက်နှာကာတွန်း၊ မိဘဆရာသမားများ၏ ဆိုဆုံးမမှုကို လက်ခံနိုင်သော်လည်း မိဘဆရာ သမားများ၏ စကားကို မလိုက်နာသောသူဖြစ်မှာကို ကြောက်ရွံ့သော ဖြိုးရဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖြိုးရဲ- ကြောက်တယ်” နှစ်မျက်နှာကာတွန်း၊ တန်ဆောင်တိုင်ပွဲတော်တွင် ပျော်ပျော်ပါးပါးကျင်းပနိုင်ရန် ကျောင်းပိတ်ရက် တွင် မိမိတို့တတ်နိုင်သမျှ လုပ်အားပေးမည့် ဆုရတီအောင်တို့သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ဆုရတီအောင်- မြိုင်မြိုင်ဆိုင်ဆိုင်” နှစ်မျက်နှာကာတွန်း၊ ခင်ခင်ပြူးနှင့် သူ၏အချစ်တော် ခွေးလေးတို့၏ အပြန်အလှန် နားလည်ပုံကို ရုပ်ပုံကြည့်ခြင်းအားဖြင့် စိတ်ကူးဖြင့်သိနိုင်ရန် ရေးဆွဲထားသည့် “ဂန္ထဝင်ခင်ခင်ပြူးနှင့် သူ့အချစ်တော်ခွေးလေး” တစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးများအနေဖြင့် ကလေးများအနေဖြင့် ကန်စွန်းဥ၏လူသားတို့အပေါ် အကျိုးပြုပုံအကြောင်းကို ဗဟုသုတ ရဖွယ် တင်ဆက်ထားသည့် “ကန်စွန်းဥမှ ရရှိနိုင်သည့် အာဟာရနှင့် ဆေးဖက်ဝင် အကျိုးကျေးဇူးများ” သုတ ဆောင်းပါးကို တင်ဆက်ထားပါသည်။ ကလေးများအနေဖြင့် မိမိတို့၏အသုံးအဆောင်ပစ္စည်းများကို စည်းကမ်း ရှိရှိဖြင့် ရိုရိုသေသေသုံးစွဲတတ်စေရန်နှင့် မိမိတို့သုံးစွဲနေသောပစ္စည်းများ ပျောက်ဆုံးသွားပါ၍ အသစ် ဝယ်ယူရပါက မိဘများ၏ ငွေကြေးများဆုံးရှုံးကြောင်းကို ဂရုပြုဖွယ် တင်ဆက်ထားသည့် “ပစ္စည်းတန်ဖိုး” ဝတ္ထုကဏ္ဍနှင့် မိမိအပေါ်သူငယ်ချင်းကောင်းပီသသော ကြွက်လေးငနီကို မနာလိုဝန်တိုစိတ်ဖြင့် အကောက်ကြံခဲ့သော လင်းနို့ ညိုနက်၏အဖြစ်ကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “လင်းနို့တွေ ဘာကြောင့် ညအချိန်မှာ အစာရှာ ထွက်ရသလဲ” ပုံပြင်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်း လက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ရုပ်ပုံလေးထဲတွင် ပေးထားသော မမဖူးငယ်၏ဦးခေါင်းများကို မျက်စိလျင်လျင်ဖြင့် ရေတွက်နိုင်မည့် ဉာဏ်စမ်းနှင့် ဆောင်းရာသီကာလ ကျေးလက် သဘာဝကို ဖော်ကျူးရေးဖွဲ့ထားသည့် “ဆောင်းဦးပန်းချီကား” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် “English Daily Conversation” ခေါင်းစဉ်ဖြင့် တင်ဆက်ထားသည့် ရာသီဥတုနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာစကားပြောများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။