၂၂ - ၁၀ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၃) ၌ အဘွားသည် အဘိုးကို ကတိပေးထားသည့်အတိုင်း နွားကို ကြက်နှင့် အတွဲလိုက် တွဲရောင်းကာ နွားတန်ဖိုး၏တစ်ဝက်ကိုခွဲကာ အဘိုးအတွက် အလှူဒါနလုပ်ပေးပြီး ကျန်တစ်ဝက်ကို မိမိလုပ်ကိုင်စားသောက်ရန်အတွက် နွားလေးကို ပြန်ဝယ်လိုက်သည့် ဉာဏ်ထက်မြက်သည့် အဘွားအကြောင်းကို တင်ဆက်ထားသည့် “အဘိုးနဲ့ အဘွား” မျက်နှာဖုံးကာတွန်း၊ ဝန်ပိုငှက်ကြီး၏ အကြွားသန်ခြင်းကို ငါးလေးပိုပိုက ဘယ်သတ္တဝါမဆို သူ့နေရာနှင့်သူ တန်ဖိုးရှိကြပြီး ဘဝတွင် အားလုံးနှင့် လိုက်လျောညီထွေနေတတ်ဖို့သာ လိုအပ်ကြောင်း တင်ဆက်ထားသည့် “သူ့နေရာနဲ့ သူ” နှစ်မျက်နှာကာတွန်း၊ အပြင်သွားလျှင် နှာခေါင်းစည်း မက်စ်ကို မတပ်ဘဲ မသွားသင့်ကြောင်းနှင့် ကျန်းမာရေး သတိအမြဲရှိရန် လိုအပ်ကြောင်းကို တင်ဆက်ထားသည့် “ကိုအောနဲ့ ဘိုစော” တစ်မျက်နှာကာတွန်း၊ ဘုရင်ကြီးချီးမြှင့်ပေးလိုက်သည့် အသပြာတစ်ပြားကို ရရှိပြီး ဘဝင်မြင့်သွားသည့် ဖားလေးအကြောင်းကို တင်ဆက်ထားသည့် “ဖားကလေးနှင့် ဘုရင်ကြီး” နှစ်မျက်နှာကာတွန်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်မည့် အကြောင်းအရာ အချို့ကို တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းက ကလေးကဗျာနှင့် ကလေးဝတ္ထုတို့ကို ဘယ်မှာရေးရမည်နည်းဟု မေးမြန်းသည်ကို မှတ်စုစာအုပ်တွင် ရေးသားရန် ပြန်လည်ဖြေဆိုထားသည့် စကားကို ကတ်သီးကတ်ဖဲ့ ပြောတတ်သော ရန်ပိုင်စိုးအကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ဓာတ်ကို ပြည့်ဝစွာရရှိနိုင်ရန် အသက်ကို ပြင်းပြင်းရှူရန်နှင့် လေ့ကျင့်ခန်းများ ပြုလုပ်သည့်အခါတွင်လည်း အသက်ကို ပြင်းပြင်းရှူခြင်းကို အလေ့အကျင့် လုပ်သင့်ကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “နည်းလမ်းမှန်စွာ အသက်ရှူကြပါ” သုတဆောင်းပါး၊ စာမေးပွဲဖြေဆိုရာတွင် သင်္ချာဘာသာရပ်ကို မဖြေဆိုနိုင်သဖြင့် အဖြေပြရန် အကူအညီတောင်းသော သူငယ်ချင်း အောင်‌အောင်ကို မောင်စိုးက အဖြေကို မပြဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားကာ စာမေးပွဲကို အောင်စေချင်ကြောင်း ရေးသားထားသည့် “သူငယ်ချင်းကောင်း”  ဝတ္ထုကဏ္ဍ၊ သူတစ်ပါးပြောစကားကို မိမိ၏ အသိဉာဏ်ဖြင့် မစဉ်းစား၊ မဆင်ခြင်ဘဲ လိုက်ပြောမိသောကြောင့် အသက်ပါဆုံးရှုံးခဲ့ရသည့် ကိုလူအအကြောင်းကို ရေးသားထားသည့် “ဘဝဆုံးအောင် တုံးအသူ” ပုံပြင်ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကျောင်းမှန်မှန်တက်ပြီး စာကို ရိုးသား၊ ကြိုးစားစွာ သင်ယူခြင်းကြောင့်  အတန်းထဲတွင် ဆုရရှိသွားသော မစံပယ်အကြောင်းကို ရေးဖွဲ့ထားသည့် “ဆံရစ်ဝိုင်းနဲ့ မစံပယ်” ကဗျာ ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် Conjunction ခေါင်းစဉ်အောက်တွင် ဝါကျဆက်စကားလုံးဖြစ်သည့် and အကြောင်းကို ဥပမာပေး၍ လေ့ကျင့်ခန်းများနှင့်တကွ လေ့လာနိုင်သည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာကဏ္ဍတို့ကို  လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ