စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ(၄၉)၊ အမှတ်(၁၀) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများ ကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “လူငယ်နှင့် ခေါင်းဆောင်မှု” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် လူငယ် တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်၊ အနာဂတ်အရေး မျှော်တွေးခေါင်းဆောင် လူငယ့်ဦးသျှောင်၊ လူငယ် ရေးရာကဏ္ဍတွင် အိုကမပူ စလောင်းကပူ၊ လွန်ကဲသော မျှော်လင့်ခြင်း၊ မြစ်ကြီးလည်း မခန်းပါစေနဲ့၊ သွားပေရော့ ပလတ်စတစ်အိတ်တွေရေ၊ စကားလုံးနယ်ပယ် အဆန်းတကြယ်၊ ခင်မင်မှုကို ပြန်လည် ပြင်ဆင်ခြင်း၊ အလုပ်နဲ့သက်သေပြရမယ် ဆိုပေမဲ့၊ အောင်မြင်မှုကို ရယူပါ၊ လူတိုင်းအတွက် ကိုယ်ရည် ကိုယ်သွေး၊ ကဗျာကဏ္ဍတွင် နွေဦးတေးသံ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် မျက်မှောက်ကာလ၏ စံချိန်တင် မျိုးသုဉ်းပျောက်ကွယ်နေမှုများ (၁)၊ အဖေမဟုတ်တော့သော ဖခင်များ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အမှန်ကို အမြန်ပြောပါ၊ မလုပ်ရမည့်စာရင်း၏ စွမ်းအား၊ ရွေးကောက်ပွဲ ဆိုင်ရာကဏ္ဍတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးသော ဥရောပနိုင်ငံများ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီဆိုတာ ရပိုင်ခွင့်ချည်းမဟုတ်၊ တာဝန်လည်း ပါတယ်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူး၊ ရေလွှမ်းမိုးမှုနှင့် ကျန်းမာရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ငှက်ပျောသီးနှင့် ဓာတုဆေးဝါးအကျိုးပြုမှု၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၅ဝ)၊ ကျန်းမာရေးအကြောင်း တစေ့တစောင်း(၂)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သင်ယူခဲ့သူ၊ ဝတ္ထုတိုကဏ္ဍတွင် မြို့စားကတော်နှင့် ရတနာကုန်သည်၊ အထွေထွေကဏ္ဍတွင် အဏ္ဏဝါက အာဟာရများ၊ ပန်းသစ်တော်သီး၏ အကျိုးကျေးဇူးများနှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ