ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် (အကြို) စာပေဟောပြောပွဲ (ဒုတိယနေ့) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် နံနက် ၉:၃၀ နာရီတွင် ကုန်သည်လမ်းရှိ အမှတ်-၅၂၉-၅၃၁၊ စာပေဗိမာန်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
ဟောပြောပွဲမစတင်မီ စာပေဗိမာန်ရုံး စာတည်းမှူးချုပ် ဦးတိုးကျော်က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အဟောပြောပွဲကို နံနက်ပိုင်း အစီအစဉ်နှင့် နေ့ပိုင်းအစီအစဉ်အဖြစ် အစီအစဉ် နှစ်ရပ်ခွဲကာ ဆက်လက်ကျင်းပခဲ့ပါသည်။
နံနက်ပိုင်းအစီအစဉ်တွင် ဆရာအေးကျော်မင်း၊ ဆရာဦးကျော်ဦး (ပါရမီ)နှင့် ဆရာဦးခင်စိုး (စိုးစိုး−ပန်းတောင်း) တို့က "အဆင့်တန်းမြင့်မားသော စွယ်စုံကျမ်းပြုစုထုတ်ဝေခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ကြပြီး နေ့လယ်ပိုင်းအစီအစဉ်တွင် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်ချိုချိုတင် (မစန္ဒာ) နှင့် ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော) တို့က "စာပေဗိမာန် အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး" ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။
အဆိုပါ စိန်ရတုအခမ်းအနား အကြိုစာပေဟောပွဲအစီစဉ်များ ပြီးဆုံးပြီးနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က ဟောပြောပို့ချပေးပါသော ဆရာကြီး၊ ဆရာမကြီးတို့အား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။