“ညွန့်ဝင်း (နတ်တလင်း)” ရေးသားသည့် “တို့လေးလေးစားစား သီဆိုမယ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“တို့လေးလေးစားစား သီဆိုမယ်” စာအုပ်တွင် ကြင်ကြင်နာနာ နေပါ့မယ်၊ ကိုယ်ချင်းစာစိတ်မွေးရအောင်၊ စေတနာအကျိုး၊ ခေတ်သစ်မဟော်သဓာ၊ လိမ်ညာသက်မွေး အားမပေးပါ၊ မမေ့နိုင်သော ကောင်းမှုတစ်ခုစသည့် ပညာပေးဝတ္ထုတို ၂၇ ပုဒ် ပါဝင်ပြီး လူ့ဘဝတွင် လူတိုင်းအတွက် အရေးကြီးဆုံး ဖြစ်သော စိတ်ကောင်း စေတနာထားရှိရေး၊ မိဘဆရာသမားတို့၏ အဆုံးအမကို လိုက်နာရေး၊ အစားအသောက် အနေအထိုင် ယဉ်ကျေးလိမ္မာရေး၊ မိသားစုအတွင်း ချစ်ချစ်ခင်ခင် နေထိုင်ရေး၊ ငယ်စဉ်ကတည်းကပင် ကောင်းမွန်သော အသက်မွေးမှု ပြုလုပ်လိုစေရေးတို့အတွက် နှိုးဆော် လမ်းပြ ထားပြီး အရေးအဖွဲ့ ရှင်းလင်းပြေပြစ်ကာ ကလေးငယ်များ အလွယ်တကူ နားလည်နိုင်စေမည့် အပြင် အပြုသဘောဆောင်သော စေတနာမေတ္တာဖြင့် ရေးသားထားသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။