၃၀ - ၇ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၁) ၌ ကလေးများအနေဖြင့် သူတစ်ပါးအား စကားပြောဆိုရာတွင် ချိုသာယဉ်ကျေးစွာနှင့် နားဝင်ချိုအောင်ပြောဆိုသင့်ကြောင်း တင်ဆက်ထားသည့် “နှုတ်ချိုသျှိုတစ်ပါး” မျက်နှာဖုံးဇာတ်လမ်း၊ ကျေးဇူးရှင်ကို မပြစ်မှားသင့်ကြောင်း တင်ဆက် ထားသည့် “နဂါးမကြောက်သူ” နှစ်မျက်နှာကာတွန်း၊ ရုပ်ဆိုးသော်လည်း ကူညီတတ်သော ယုန်ကလေးအကြောင်း တင်ဆက်ထားသည့် “ရုပ်ဆိုးလေး” နှစ်မျက်နှာကာတွန်း၊ သူများပြောစကားများကို ကြားရရုံဖြင့် မယုံမိစေရန် တင်ဆက်ထားသည့် “စကား” နှစ်မျက်နှာကာတွန်း၊ ကျောင်းတက်မှန်လျှင် စာမခက်သည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျောင်းမှန်မှန်တက် စာမခက်” တစ်မျက်နှာကာတွန်း၊ ကပ်စေးနှဲ၍ ချွေတာစုဆောင်းရင်းနဲ့ သူဌေးဖြစ်သွားသော ဖိုးတစ်တို၏ အန်တီအကြောင်း တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် အောက်ဆီဂျင်ရရှိသော အစားအစာများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “အောက်ဆီဂျင်ရရှိသော အစားအစာများ” သုတဆောင်းပါး၊ ငှက်ဝါလေး၏ သတိပေးစကားကို လိုက်နာ၍ အရာရာတွင် ဆင်ခြင်ဉာဏ်ရှိခဲ့ခြင်းကြောင့် အန္တရာယ်မှ လွတ်မြောက်ခဲ့ရသည့် လိပ်ပြာလေးအကြောင်း ရေးဖွဲ့ထားသည့် “ဆင်ခြင်ဉာဏ်” ပုံပြင်ကဏ္ဍ၊ အမြင်အာရုံမကောင်းသည့် အဘွားအတွက် လိုအပ်သော မျက်မှန်ကို အောင်ဘုနှင့် သူငယ်ချင်းများက မုန့်ဖိုးငွေများစု၍ ဝယ်ပေးပုံအကြောင်း ရေးဖွဲ့ထားသော “မျက်မှန်တစ်လက်” ဝတ္ထုကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသောရုပ်ပုံကို မိမိတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့်“ဆေးရောင်လှလှခြယ်ရအောင်” ဉာဏ်စမ်းနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းလှပ စိမ်းလန်းစိုပြည်ဖို့အ‌ကြောင်း ရေးဖွဲ့ထားသည့် ဆရာဆောင်းနေ‌ရောင်(အဖျောက်)၏ “စိမ်းလန်းသန့်ရှင်း ကျောင်းနှင့်ဝင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် ကြိယာဝိသေသန (Adverb) အကြောင်း ရှင်းလင်းချက်များနှင့်အတူ  လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည်ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀    ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ