“တင်လင်းဇော်” ရေးသားသည့် “လေဆန်သည့်ငှက် လှိုင်းထက်ကလှေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“လေဆန်သည့်ငှက် လှိုင်းထက်ကလှေ” စာအုပ်တွင် မိန်းမသားတစ်ဦးက သားသမီးကိုးယောက်ကို လူတမ်းစေ့အောင် ကျွေးမွေး စောင့်ရှောက်ရုံမက မြေးမြစ်များအထိ အနွံအတာခံ ပြုစုပျိုးထောင်ခဲ့သော မိခင်ကြီး၊ ဘွားအေကြီး၏ မေတ္တာတရားကို ရသမြောက်အောင် ရေးဖွဲ့ထားသည်။ ထို့ပြင် ကျေးလက်နေပြည်သူများ၏ နေ့စဉ်ဘဝနှင့် စရိုက်အထွေထွေကိုလည်း ရေးသားသီကုံးထားသည့်အပြင် မိဘမေတ္တာ၏ နက်ရှိုင်းမှု၊ ကြုံလာသည့် အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားနိုင်သော အဘွားအိုတစ်ဦး၏ အာဂသတ္တိကိုလည်း စာဖတ်သူ မြင်သာထင်သာအောင် ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။