ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၈)၌ မိဘနှင့် သားသမီး ကွဲကွာရခြင်းဒုက္ခသည် အင်မတန်ပူဆွေးသောက ရောက်ရပုံကို ကိုယ်တိုင်ခံစားလိုက်ရသည့် အာတူးအကြောင်း တင်ဆက်ထားသည့် “ကွဲကွာရခြင်း ဒုက္ခ” မျက်နှာဖုံးကာတွန်း၊ ဟင်းကောင်းချက်သော အိမ်တွင် ဧည့်သည်လုပ်ကာ ထမင်းလိုက်စားတတ်သော ဦးထွေးအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖြိုးရဲ- ဧည့်သည်” နှစ် မျက်နှာကာတွန်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်း များအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဒါတွေလုပ်ပေးပါ” နှစ်မျက်နှာကာတွန်း၊ ကြက် ကြော်ကို များများမစားလိုက်ရသောကြောင့် နောင်တရမိသော ကိုစည်အကြောင်း ရေးဖွဲ့ထားသည့် “ဒီလိုမှန်း မသိလို့” နှစ်မျက်နှာကာတွန်း၊ အစား စားရာတွင် ဓာတ်မတည့်သော အစားအစာများကို တွဲဖက်မစားမိစေရန် သတိပြုဆင်ခြင်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “မေမေ့ကို ချစ်လို့” တစ် မျက်နှာကာတွန်းနှင့် အိမ်ကနေ ထွက်မသွားတော့ဘူးဆိုသော လူငယ်လေးတစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် လူသားတို့၏မျက်ရည်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ကလေးတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် အခြား လိုအပ်သော ကာကွယ်ဆေးများကို အချိန်မီ ထိုးနှံလျက် ပျော်ရွှင်ဖွယ် မိသားစုနေနိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သီးပင်စားပင်များကို အိမ် ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ရုံဖြင့် မိသားစု၏ မီးဖိုချောင်ကို ဖူလုံစေသည့်အပြင် သစ်ပင် စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ထူးခြားမွန်မြတ်လှသော ဝါဆို လပြည့်နေ့အကြောင်း ရေးဖွဲ့ထားသည့် “လမြတ်ဝါဆို မြတ်ကုသိုလ်” ကဗျာကဏ္ဍနှင့် ဉာဏ်စမ်း ကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တစ်စုံတစ်ယောက်၏ အောင်မြင်မှုကို ကြားသိရသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း ပြောဆိုပုံကို အသုံးအနှုန်းမတူ ဘဲ အဓိပ္ပာယ်တူ ပြောထားသည့် အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။