ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၂၇)၌ သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာထားကာ ကျွေးမွေးစောင့်ရှောက်ပါက မိမိအပေါ်တွင်လည်း ပြန်လည် ကောင်းမွန်နိုင်ကြောင်းကို တင်ဆက်ထားသည့် “ထာဝရမိတ်ဆွေ” မျက်နှာဖုံးဇာတ်လမ်း၊ မိုးရာသီတွင် သီးနှံများစိုက်ပျိုးဖြစ်ထွန်းပုံကို တင်ဆက်ထားသည့် “ရာဇာခရမ်း- မိုးနှင့်အတူ” နှစ်မျက်နှာကာတွန်း၊ မိမိ၏ ကြွယ်ဝချမ်းသာမှုကို မြှောက်ပင့်ပြောဆိုသည်ကို ကျေနပ်နှစ်သက်သော သူဌေးကြီးနှင့် သူတစ်ပါးကို အကြောင်းအကျိုးမရှိဘဲ မြှောက်ပင့်စကားမဆိုတတ်သော လူငယ်လေးအကြောင်းကို တင်ဆက် ထားသည့် “ကောက်ပင်ရိတ်လှီး” နှစ်မျက်နှာကာတွန်း၊ စကားပြောဆိုရာ၌ အစပထမတွင် ဟုတ်တိပတ်တိ ရှိသော်လည်း နောက်ပိုင်းတွင် အဖျားရှူးသွားသည့် ဘုန်းကြီးဦးမေဓာကို သင်္ဂဇာဆရာတော်မှ ဥပမာပေးပြော ဆိုသည်ကို သရုပ်ဖော်တင်ဆက်ထားသည့် ကာတွန်းလွမ်းမောင်(သုဝဏ္ဏ)၏ "အဖျားရှူးမသွားနဲ့ဦး" နှစ်မျက် နှာကာတွန်း၊ အအိပ်မက်သော ဖိုးထူးအကြောင်းကို တင်ဆက်ထားသည့် “ဖိုးထူး” တစ်မျက်နှာကာတွန်းနှင့် ကျောက်ပု၏ မုန့်ထဲမှ သူငယ်ချင်းကို ခွဲဝေပေးရန် အကြံပေးမိသော ဦးလေးဖြစ်သူမှာ ကျောက်ပု၏ လူလည် ကျသည်ကို ခံရပုံကို တင်ဆက်ထားသည့် ကာတွန်းအီကွေတာ၏ “ကျောက်ပု” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာသောက်သုံးပုံများနှင့် ရေသောက်သုံးခြင်းဖြင့် ရရှိလာမည့် အကျိုးတရားများ၊ ရေလှူဒါန်းခြင်းဖြင့် ရရှိလာမည့်အကျိုးတရားများအကြောင်းကို ရေးဖွဲ့ထား သည့် “ရေ၏တန်ဖိုးနှင့် အကျိုးဆယ်ပါး” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ရေရှားပါးမှုနှင့် ကြုံတွေ့ နေရသော ရွာသူရွာသား များ၏ ဒုက္ခကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သော မဥဩလေးအကြောင်းကို အတုယူဖွယ် ရေးဖွဲ့ထားသည့် “ရပ်ရွာ အတွက် စွန့်စားသူ” ပုံပြင်နှင့် မိမိ၏ မစဉ်းစားမဆင်ခြင်ပြောမိ၊ လုပ်ကိုင်မိသော အပြုအမူများကြောင့် ဒုက္ခနှင့် ကြုံတွေ့ရပုံကို ရေးဖွဲ့ထားသည့် “စကားဟူသည်” ဝတ္ထုတို့ကို တင်ဆက် ထားပါသည်။ ထို့ပြင် ရုပ်ပုံထဲတွင် ဖော်ပြ ထားသော အကောင်လေးများ အမည်များကို ရွေးချယ်ပေးနိုင်မည့် “ပုံလေးတွေရဲ့ အမည်ကို ရွေးချယ်ပေးကြပါဦးနော်” ဉာဏ်စမ်း၊ ကလေးများအနေဖြင့် ကျောင်းမှန်မှန်တက်ကာ စာပေများကိုလေ့လာသင်ယူသင့်ကြောင်း ရေးဖွဲ့ စပ်ဆိုထားသည့် “ကျောင်းမှန်မှန်တက် စာမခက်” ကဗျာတို့ကို တင်ဆက်ထားသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Adjective (နာမဝိသေသန) များ၏ အသုံးအနှုန်းနှင့် ဝါကျ များတွင် Adjective များ ထည့်သွင်းအသုံးပြုပုံအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာမှတ်သား နိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။