“တက္ကသိုလ်မြတ်သူ” ရေးသားသည့် “စီအိုင်အေနှင့် နိုင်ငံတကာကွန်ရက်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
“စီအိုင်အေနှင့် နိုင်ငံတကာကွန်ရက်များ” စာအုပ်သည် ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ သည့် စီအိုင်အေ၊ အမေရိကန်နှင့် အပေါင်းအပါတို့၏ နယ်ချဲ့ဝါဒပုံစံသစ်ကို အကောင်အထည်ဖော်ပေးနေသော စီအိုင်အေ၊ ကလိမ်ကကျစ် ဉာဏ်နီဉာဏ်နက်များလွန်းသည့် စီအိုင်အေ၊ အရေအမျိုးမျိုးခြုံ၍ နိုင်ငံတကာအတွင်း ဝင်နှောင့်နေသော စီအိုင်အေ၏ သရုပ်အမှန်ကို သိရှိပြီး သတိထားကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားပါသည်။
စီအိုင်အေနှင့် ဥပရောပဆိုဗီယက်ကဏ္ဍတွင် အနောက်ဥပရောပ၌ တပ်ဖြန့်ခြေရှုပ်ခဲ့သော စီအိုင်အေ၊ ဥရောပလေထုအတွင်း အဆိပ်ခတ်သော စီအိုင်အေ၊ စီအိုင်အေတို့၏ ‘မ’ သုံးလုံး နည်းဗျူဟာ၊ စီအိုင်အေနှင့် မြန်မာနိုင်ငံကဏ္ဍတွင် မင်းတုန်းမင်းခေတ်က စီအိုင်အေလာပါပြီ၊ စီအိုင်အေနှင့် ဆိုရှယ်လစ် စသည့် စီအိုင်အေ၏ နိုင်ငံတကာအပေါ် စွက်ဖက်ခြေရှုပ်ပုံ စသည့် အကြောင်းများကို ထိထိမိမိ ရေးသားထားသောကြောင့် နိုင်ငံရေးကို စိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေမည့်အပြင် လက်မလွှတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။