၂၀- ၁၁- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ၂၀ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၄၇)၌ သူတစ်ပါးနှင့် အဆင်ပြေမှုရှိမရှိကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်ကိုင်တတ်သော မိလုံးနှင့် မိမိမှာကြားမည့် အကြောင်းအရာကို ထိထိမိမိ မမှာကြားမိသော ကိုကွေးနှင့်မကောက်တို့ အကြောင်းကို ရေးဖွဲ့ထားသည့် “ကိုကွေးနှင့်မကောက်” မျက်နှာဖုံးဇာတ်လမ်း၊ မိဘများအနေဖြင့် ကလေးငယ်များကို ငယ်ရွယ်စဉ်ကပင် စည်းကမ်းတကျ သွန်သင်ဆုံးမထားသင့်ပုံကို တင်ဆက်ထားသည့် “အလိုမလိုက်နဲ့” နှစ်မျက်နှာကာတွန်း၊ ကလေးများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်သင့်ပုံကို ရေးဖွဲ့ထားသည့် “ဆုရတီအောင်- အဆင်သင့်ပဲဟေ့” နှစ်မျက်နှာကာတွန်း၊ ကလေးများအနေဖြင့် ပဲစားခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများ ရရှိနိုင်ပုံကို တင်ဆက်ထားသည့် “ရွှေပိုး - ပဲစားကြသူများ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် အနိုင်ကျင့်ပါက မိမိတွင်လည်း ဒုက္ခနှင့် ကြုံတွေ့ရနိုင်ပုံကို ပညာပေးရေးဖွဲ့ထားသည့် “ဖိုးထူး” တစ်မျက်နှာကာတွန်းနှင့် ကျောင်းသားများအနေဖြင့် ဆရာဆရာမများသင်ကြားပေးသော စာများကို တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်မှတ်ပါက တစ်နှစ်တစ်တန်း အောင်မြင်နိုင်ပုံအကြောင်းကို တင်ဆက်ထား သည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် မြန်မာတို့၏ မင်္ဂလာရှိသောအခမ်းအနားများ၌ ပါရှိလေ့ရှိသော မြန်မာ့ဆိုင်းဝိုင်းအကြောင်းကို ဗဟုသုတရဖွယ်ရေးဖွဲ့ထားသည့် “ဆိုင်း” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများပေးပို့သော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် အသက်ဘေးမှ လိမ္မာပါးနပ်စွာ ရုန်းထွက်နိုင်ခဲ့သော ယုန်ကလေးနှင့် မိမိ ဒုက္ခရောက်ရမည်ကို မတွေးမိဘဲ မိုက်မဲစွာ ပြုမူခဲ့သော ခြင်္သေ့ကြီးတို့အကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ပါးနပ်တဲ့ယုန်နဲ့ မိုက်မဲတဲ့ခြင်္သေ့” ပုံပြင်၊ တိရစ္ဆာန်လေးများ၏ သနားချစ်စရာကောင်းပုံကို တင်ဆက်ထားသည့် “တိရစ္ဆာန်ချစ်သူများ” ဝတ္ထုနှင့် ကလေးများကို ရွှေသွေးအထူးထုတ်(၂၀၂၂)တွင် ထည့်သွင်းဖော်ပြပေးမည့် ရွှေသွေးတို့လက်ရာ ပန်းချီနှင့် စာစီစာကုံးများ ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာကဏ္ဍတို့ကိုလည်း ဖော်ပြထားပါသည်။

ကလေးများကျောင်းသို့ ပျော်ရွှင်စွာသွားရောက်ကြပုံကို ရေးဖွဲ့စပ်ဆိုထားသည့် “ကျောင်းတက်ကြမယ်” ကဗျာ၊ countable noun (ရေတွက်လို့ရသည့်နာမ်)နှင့် uncountable noun (ရေတွက်လို့မရသည့်နာမ်) များ အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ