၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ (၄၈)၊ အမှတ်(၁၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ '' လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် လူကုန်ကူးမှု မာယာထောင်ချောက်၊ လူကုန်ကူးခြင်း သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ကဗျာကဏ္ဍတွင် ကျော်စောခြင်းနှင့် မိတ်ဆွေရင်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ မျှော်လင့်တာထက် ပိုပေးပါ၊ သာမန်ကူညီမှုလေးတစ်ခု၏ အကျိုး ဆက်၊ စေ့ဆော်ခြင်းနှင့် ထုတ်လုပ်မှုစွမ်းအား၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် စကားပြောသော သစ်ပင်များ၊ စုစည်းနိုင်မှု သင်္ကေတတစ်ခု၊ စွန့်ဦးတီထွင် လူမည်းမိခင်နှစ်ဦး၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံများ၏ ကိုဗစ်စီးပွားရေးဒဏ်ရာများနှင့် ကုစားမှုများ၊ ရွှေ၏တန်ဖိုး ဘယ်မညှိုး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍ တွင် ဆွစ်ဇာလန်မှာလုပ်သည်၊ အဆင့်မြင့် လက်နက်အသစ်အဆန်းများ၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် Stop အမုန်းစကား၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမားများ ပပျောက်ရေးနှစ်၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဘေးအန္တရာယ်များရှိလာသော ပင်လယ်ကမ်းခြေဒေသများ၊ ရေအိမ်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကိုက်အားပြင်း တိရစ္ဆာန်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၉)၊ ဆီစားသုံးမှုလျှော့ချရေး ဝိုင်းဝန်း ဆောင်ရွက်ပေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် စုံမြိုင်ခြေ ဂနိုင်မြေ လမ်းဝယ်၊ ရွှံ့စေးချောင်းအတွင်းမှ အံ့ဩဖွယ်ရာ ဖြစ်ရပ်၊ တုံ့ယူမှုကင်း ငြိမ်းအေးခြင်း၊ ဝတ္ထုတိုကဏ္ဍတွင် ရုတ်တရက် ပြောင်းသွားသောအမြင်၊ ကွန်းခိုရာ၊ အထွေထွေကဏ္ဍတွင် အလေ့အကျင့်ကောင်း ရစေရန်နှင့် ဟာသ စသည်ဖြင့်ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။