“မောင်မြေနီ (တမာတော)” ရေးသားသည့် “ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့် မျှော်မိတယ်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“မောင်မြေနီ (တမာတော)” ရေးသားသည့် “ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့် မျှော်မိတယ်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။ အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့် မျှော်မိတယ်” စာအုပ်တွင် ခေတ်နှင့်အညီ ရေးဖွဲ့ထားသည့် ခေတ်သစ်ပြဇာတ်ရှည်ဖြစ်ပြီး အခန်း ၃၆ ခန်းပါဝင်ကာ ဇာတ်ကောင်အင်အားများစွာ ပါဝင်သည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းကာလများကို အခြေခံလျက် အလုပ်သမားများ၏ ဘဝမြင့်မားရေး ကြိုးပမ်းချက်ကို ဟန်ချက်ညီအောင် တင်ပြထားသည်။ မိုင်းတောင်းဟု အမည်ရသည့် သတ္တုတွင်း မြို့ကလေးကို အခြေပြုထားပြီး ခေတ်ပြောင်းသည်နှင့်အမျှ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံမှု ပြောင်းလဲလာပုံ၊ အလုပ်သမား သမဂ္ဂအစည်းအရုံး ခက်ခဲစွာ ဖွဲ့စည်းရပုံ၊ အလုပ်သမားဦးစီးဌာနနှင့် အလုပ်ရှင်တို့ ညှိနှိုင်းရသည့် အခက်အခဲများကို လက်တွေ့ကျစွာ သရုပ်ဖော်နိုင်သည်။ အလုပ်သမားများ၏ စရိုက်စုံကို ပေါ်လွင်စေပြီး ပြဋ္ဌာန်းဥပဒေအရ အလုပ်သမားခံစားခွင့်ရအောင် စွမ်းဆောင်ရင်း ခေတ်ကောင်းစနစ်ကောင်းကို မျှော်လင့်လျက်ရှိကြောင်း အဆုံးသတ်ထားသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ကုမ္ပဏီပိုင်ရှင်များ၏ သဘာဝကို ပေါ်လွင်အောင် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ် ပါသည်။

အဆိုပါစာအုပ်ကို တန်ဖိုး ၁၇၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အကြံပြုစာ/တိုင်ကြားစာ