ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊ ကဗျာပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ရွှေမင်းသား (စစ်ကိုင်း)၏ ‘မွှေးမြဂုဏ်ရည် စာပန်းသီ ကဗျာများ’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စိတ်ထားမြတ်၊ ကြေးမုံမှ သင်ခန်းစာ၊ လူသားစွမ်းရည်၊ တူသောအကျိုး၊ လောကအလှ သဘာဝ၊ အလှဝေစည် တို့တိုင်းပြည်၊ ကြေးစည်သံ၊ မြန်မာ့စိတ်ထား (၂)၊ ဧရာဝတီ၊ အရိပ်ပေးသူ စသည့် ကဗျာပုဒ်ပေါင်း ၆၉ ပုဒ် ပါရှိသည်။ ရိုးရာဓလေ့၊ မေတ္တာတရား၊ မိဘကျေးဇူး၊ ယဉ်ကျေးမှု၊ တရားဓမ္မ၊ ဘဝဒဿန စသည်ဖြင့် အကြောင်းအရာများ စုံလင်မျှတစွာ ရေးဖွဲ့သီကုံးထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။