ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၄)၌ ဖြတ်ထိုးဉာဏ်ကောင်းသော အမျိုးသမီးကြောင့် နန်းတော်တွင် ဖမ်းဆီးထားခံရသော ခင်ပွန်း၊ သားနှင့် မောင်ဖြစ်သူတို့ လွတ်မြောက်နိုင်ခဲ့ပုံကို သရုပ်ဖော်ထားသည့် “ဖြတ်ထိုးဉာဏ်” မျက်နှာဖုံး ကာတွန်း၊ စာအုပ်များကို ရိုသေစွာ ကိုင်တွယ်ဖတ်ရှုသင့်ကြောင်း ဦးအောက ရန်ပိုင်စိုးကို ဆုံးမထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ပိုက်ဆံကျပျောက်သွားသည့် ကလေးကို ပိုက်ဆံပြန်ပေးပြီး ကူညီပေး လိုက်သည့် ဖြိုးရဲအကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ- ကောင်းမှု တစ်ခု နေ့စဉ်ပြု” နှစ်မျက်နှာ ကာတွန်း၊ ပညာရှိဇီးကွက်ကြီး၏ သတိပေးစကားကို နားမထောင်မိသဖြင့် ဂုန်လျှော်ပိုက်ကွန်ထဲတွင် ငှက် များ ဖမ်းမိသွားပုံကို သရုပ်ဖော်ထားသည့် “ဇီးကွက်ပညာရှိ” နှစ်မျက်နှာကာတွန်း၊ စိမ်းလဲ့၏ ရှေးဦး သူနာပြုစုနည်းဖြင့် ကုသပေးမှုကြောင့် လုံးထော်၏ မြွေကိုက်ဒဏ်ရာ သက်သာသွားပုံအကြောင်း သရုပ် ဖော်ထားသည့် “စိတ်ထားဖြူသူ” တစ်မျက်နှာကာတွန်းနှင့် တစ်နှင့် နှစ်ပေါင်းလျှင် သုညပဲရသည်ဆိုသည့် ကျောက်ပုအကြောင်း သရုပ်ဖော်ထားသည့် “ကျောက်ပု” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာလူမျိုးတို့၏ တန်ဖိုးရှိလှသော ဆိုရိုးစကားများအကြောင်းကို ဗဟုသုတအဖြစ် ရေးသားထားသည့် “သားရေပေါ်အိပ် သားရေနားစား” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ခန္ဓာကိုယ် ကျန်းမာပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုရှိမှ အလှစစ်ဖြစ်ပုံကို သရုပ်ဖော်ထားသည့် “စစ်မှန်တဲ့ အလှ” ဝတ္ထုကို တင်ဆက်ထားပါသည်။ စာဖတ်ခြင်း၏ အကျိုးကျေးဇူးဖြင့် ဝါသနာမတူကြသော မောင်မောင်နှင့် အောင်အောင်တို့အတူ ပျော်ရွှင်နိုင်ကြပုံကို ရေးသားထားသည့် “ပျော်ရွှင်ခြင်းတွေ မျှဝေခြင်း” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးများ စိတ်ကြိုက်အရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းတို့ကို တင်ဆက်ထားပါသည်။ သစ်များကို မဆင်မခြင် ခုတ်သည့်အတွက် တောတောင်များ ပြုန်းတီးကာ ရာသီဥတုဖောက်ပြန်ရပုံနှင့် သစ်တောပြုန်းတီးမှုအန္တရာယ်ကို ဝိုင်းဝန်း ကာကွယ်ရန် သစ်ပင်များ စိုက်ပျိုးသင့်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ကာကွယ်ကမ္ဘာ” ကဗျာကဏ္ဍနှင့် အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တိုက်ခန်းတစ်ခုတွင် တပ်ဆင်ထားသည့် မီးခိုးရှာဖွေပြီး သတိပေး ခေါင်းလောင်းမြည်သည့် ကိရိယာကို စစ်ဆေးသည့်အကြောင်း အပြန်အလှန် ပြောဆိုထားပုံကို ဖော်ပြ ထားသည့် “ရွှေသွေးစကားဝိုင်း” တို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။