ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၁)၌ စည်းကမ်းလိုက်နာပြီး လူကြီးမိဘတို့၏စကားကို နားထောင်သည့် ကျား လိမ္မာလေးတစ်ကောင်ဖြစ်သွားသော ပိုပိုအကြောင်း ရေးဖွဲ့ထားသည့် “စည်းကမ်းမလိုက်နာတဲ့ ပိုပို” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးဒုက္ခရောက်နေသည်ကို အကူအညီပေးခဲ့သောကြောင့် ဆရာ၊ ဆရာမ များအပါအဝင် အတန်းဖော်သူငယ်ချင်းများကပါ အားကျလေးစားခြင်းခံရသော ပေါက်ကျော် အကြောင်းကို သရုပ်ဖော်ထားသည့် “ လိမ္မာတဲ့ ပေါက်ကျော်” နှစ်မျက်နှာကာတွန်း၊ မရှိလျှင် သူ့ထံ တွင်တောင်းယူနိုင်သည်ဆိုသော မုန်လာဥနီအခင်းပိုင်ရှင် ယုန်ကလေးအကြောင်းကို ရေးဖွဲ့ထား သည့် “မရှိရင် တောင်း” နှစ်မျက်နှာကာတွန်း၊ မိမိ၏အပြောအဆို ကြမ်းတမ်းမှုကြောင့် မိဘများနှင့် အတူ ချောင်းသာကို လိုက်မသွားရဘဲ အိမ်တွင်ကျန်ခဲ့သော ကီးကီအကြောင်း ရေးဖွဲ့ထားသည့် “ဘာဖြစ်လဲ” နှစ်မျက်နှာကာတွန်း၊ အာတူးနှင့် သူ့ခွေးလေးကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “အာတူး” တစ်မျက်နှာကာတွန်း၊ လမ်းအတူထွက်လျှောက်ရန် အဖော်ရသွားသော ဘယ်ကျော် အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ဗိုက်တာမင်စီဓာတ်နှင့် အမျှင်ဓာတ်များအပြင် ကျန်းမာရေးကို အထောက် အပံ့ဖြစ်စေသည့် ကယ်လ်ဆီယံနှင့် ပိုတက်စီယံ ဓာတ်သတ္ထုတို့ပါဝင်သည့် ကီဝီသီးဖြစ်ပေါ်လာပုံ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ပြထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မောင်တမာသည် လောဘကြီးသော တောသူဌေးလင်မယားနှစ်ယောက်၏ သူရင်းငှားများအပေါ် မတရားခိုင်းစေကာ လုပ်အားအမြတ်ထုတ်ခြင်းကို ကောင်းစွာ သင်ခန်းစာပေးနိုင်ခဲ့ပုံအကြောင်းကို တင်ဆက်ထားပါ သည်။ ဝတ္ထုကဏ္ဍတွင် အိမ်အပြန် ရထားစီးရာလမ်းတွင် သစ်ပင်များ၊ လယ်ကွက်များမှာ တရိပ်ရိပ် ကျန်နေခဲ့သော်လည်း သူငယ်ချင်းဖိုးတေမှာမူ ကျွန်တော့်ရင်ထဲတွင် အမြဲရှိနေတော့မည်ဆိုသော မှော်ဇာပြတိုက်သို့ သွားရောက်လည်ပတ်ခဲ့သည့် မောင်ဇော်နီဦးအကြောင်းကို ရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေး တို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကလေးတို့ အနေဖြင့် ဂရုပြုရှောင်ရှားနိုင်စေရန် မိုးတွင်းကာလတွင် ကြုံတွေ့ရသော အန္တရာယ်များအကြောင်းကို ရေးဖွဲ့ထားသည့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Preposition (ဝိဘတ်) နှင့်ဆိုင်သော ပြန်လှန်လေ့ကျင့်ခန်း သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။