ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာရေးဆရာ လွင်မြန်မာ (မန်းတက္ကသိုလ်) ၏ “ပအိုဝ်းရိုးရာဒုံးလွှတ်ခြင်းဓလေ့နှင့် ဗမာဒုံးချင်းကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိပါသည်။
ယင်းစာအုပ်သည် ပအိုဝ်းတိုင်းရင်းသားမျိုးနွယ်စု ဆင်းသက်လာပုံ၊ ဒုံးဝေါဟာရအဓိပ္ပာယ်၊ ဒုံးသမိုင်း၊ ဒုံးလွှတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဒုံးအသေး၊ ဒုံးအကြီးပြုလုပ်ပုံအဆင့်ဆင့်၊ ယမ်းပြု လုပ်ပုံ၊ ရောစပ်ပုံ၊ ယမ်းထည့်သွင်းပုံ၊ နောက်ပိတ်ကို မြေကြီးဖြင့်ပိတ်ပေးရပုံ၊ ယမ်းထောင်းဆုံနှင့် မီးရိုက်ခုံပြုလုပ်ပုံ၊ ပဲ့တံပြုလုပ်တပ်ဆင်ပုံ၊ လွှတ်ကွင်းပြုလုပ်ပုံနှင့် ပူဇော်ပသပုံ၊ လွှတ်စင်ပြုလုပ်ပုံ၊ ပြိုင်ပွဲ လောင်းကြေးတင်ရပုံ၊ ဆုငွေရရှိပုံ စသည်တို့အပြင် ပအိုဝ်းတိုင်းရင်းသားတို့၏ ဒုံးလွှတ်ရာတွင် သီဆို ကခုန်ကြပုံနှင့် ဓနု၊ ယင်းနက်တို့၏ ရိုးရာဒုံးလွှတ်ခြင်းဓလေ့များကိုပါ ပြည့်ပြည့်စုံစုံ သုတေသနပြု ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။