ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၄၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။
အပိုင်း (၁)တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ သမဝါယမဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် KSB SINGAPORE (ASIA PACIFIC) PTE.LTD (REPRESENTATIVE OFFICE) (In Members Voluntary Winding-up)၊ CHAN MYAE THAZIN GEMS & JEWELLERY CO., LTD၊ JEWEL NEST GROUP GEMS & JEWELLERY CO., LTD၊ JADE NEST GROUP GEMS & JEWELLERY CO., LTD၊ CORAL VILLAGE FAMILY GEMS & JEWELLERY CO., LTD၊ W P Y GEMS & JEWELLERY CO., LTD မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၃၅၀ (က) နှင့် လူမွဲခံယူခြင်း ဆိုင်ရာဥပဒေအရ ကြွေးမြီကင်းရှင်းကြောင်း ကြေညာချက်၊ ALMANA SERVICES LIMITED Notice under the Insolvency Law and Myanmar Companies Law 2017 For Member’s Voluntary Winding-up of the Company၊ Allied Invest Myanmar Services Company Limited (Registration No.116279967 - In members’ voluntary liquidation) Notice for Final General Meeting Pursuant to Section 357 of Myanmar Companies Law and Section 211 of Insolvency Law၊ Myanmar Brand Networks Company Limited (Members’ Voluntary Liquidation by the Myanmar Company Act and Myanmar Insolvency law)၊ TWO OWLS MICROFINANCE COMPANY LIMITED In the matter of the Myanmar Companies law [Under Sections 345 & 348]၊ Valentis Austhai Company Limited (Registration No.109237655 - In members’ voluntary liquidation) Notice for Final General Meeting Pursuant to Section 357 of Myanmar Companies Law and Section 211 of Insolvency Law တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။