“ဆွေဇင်ညွန့် (ACPE)” ရေးသားသည့် “တစ်ပိုင်တစ်နိုင် ဝမ်းစာကြိတ် ဆန်စက်ငယ်အခြခံ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ဆွေဇင်ညွန့် (ACPE)” ရေးသားသည့် “တစ်ပိုင်တစ်နိုင် ဝမ်းစာကြိတ် ဆန်စက်ငယ်အခြခံ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် သုတေသနစာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“တစ်ပိုင်တစ်နိုင် ဝမ်းစာကြိတ် ဆန်စက်ငယ်အခြခံ”  စာအုပ်တွင် မြန်မာနိုင်ငံ၏ အသက်သွေးကြော လယ်ယာမြေမှ အဓိကစားသုံးဆန်အတွက် မရှိမဖြစ် စက်ပစ္စည်းများမှာ ဆန်ကြိတ်စက်များ ဖြစ်ကြ သည်။ ဆန်ကြိတ်စက်အမျိုးအစား များစွာရှိကြသည့်အနက် လူအများစု၏ လက်တစ်ကမ်းတွင် လွယ်လင့်တကူ အသုံးပြုနိုင်သည့် ဆန်ကြိတ်စက်များမှာ တစ်ပိုင်တစ်နိုင် ၁၅ တန်အောက် ဆန်စက် ငယ်များဖြစ်ကြသည်။ ဆန်စက်ငယ်ပုံစံများနှင့်တကွ တစ်ရက် ဆန်တန်ကျ၊ တစ်နာရီကြိတ်ဖွပ် စပါးတင်းရေအတွက် တစ်နာရီထွက်ရှိစပါးတင်း၊ ဆန်စက်ငယ်အတွက် သုံးနိုင်သည့်မော်တာ၊ အင်ဂျင်၊ မြင်းကောင်းရေ စသည်တို့ကို လက်တွေ့ အသုံးချ၍ရအောင် အသေးစိတ် ရှင်းလင်းဖော်ပြ ရေးသားထားသောကြောင့် ဆန်စက်တည်လိုသည့်သူများနှင့် စက်ပစ္စည်းများကို စိတ်ဝင်စားသည့် စာဖတ်ပရိသတ်များအတွက် များစွာ အထောက်အကူပြုနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ