“မင်းဗေဒါ (ပွင့်ဖြူ)” ရေးသားသည့် “စာရွက်ပေါ်မှာ ရုပ်ရှင်ရိုက်ခြင်း” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“စာရွက်ပေါ်မှာ ရုပ်ရှင်ရိုက်ခြင်း” စာအုပ်တွင် ရုပ်ရှင်ဇာတ်ညွှန်းပညာသမိုင်း၊ ကမ္ဘာ့ရုပ်ရှင်ဇာတ်ညွှန်း သမိုင်း၊ မြန်မာ့ရုပ်ရှင် ဇာတ်ညွှန်းသမိုင်း၊ ရုပ်ရှင်ဇာတ်ညွှန်းပညာအကြောင်း၊ ရုပ်ရှင်ဇာတ်ညွှန်းဖွဲ့စည်း တည်ဆောက်ပုံ၊ သမားရိုးကျ ဇာတ်ညွှန်းဖွဲ့စည်းတည်ဆောက်ပုံ၊ စီမံခန့်ခွဲမှုပါဝင်သော ဇာတ်ညွှန်း၊ ဇာတ်ညွှန်းရောင်းချခြင်းစသည်ဖြင့် ဇာတ်ညွှန်းနှင့်ပတ်သက်ပြီး ကမ္ဘာ့ရုပ်ရှင်၊ မြန်မာ့ရုပ်ရှင်တို့ကို ကိုးကား၍ သုတေသန ပြု ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။